Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ကရင်နီ-ရှမ်းတောင်နယ်စပ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၃ဝ ကျော်သေဆုံး

ကရင်နီ(ကယား)နှင့်ရှမ်းတောင်နယ်စပ်၌ ဇန်နဝါရီလအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဝ ကျော်သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှထုတ်ပြန်သည်။

ဇန်နဝါရီလ(၁)လတာအတွင်း လွိုင်ကော်မြို့နယ် ၊ ဘောလခဲမြို့နယ် ၊ ဖားဆောင်းမြို့ နှင့် ကရင်နီ-ရှမ်းတောင်နယ်စပ်ရှိ မိုးဗြဲမြို့ ၊ ဆီဆိုင်မြို့နယ်တို့တွင် KNDF တပ်များနှင့် စစ်ကောင်စီတပ်များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဘောလခဲမြို့နယ်တွင် ဇန်နဝါရီလ (၁၂) ရက်နေ့၌ မိုင်းထမ်းကျေးရွာ နှင့် ဝမ်မလန်းကျေးရွာကြားသို့ စစ်ကြောင်းထွက်လာသော စစ်ကောင်စီတပ်ဖွဲ့များအား KNDF အပါအဝင် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁ဝ)ဦးကျော်သေဆုံးခဲ့သည်။
ဌင်းပြင် မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂)တပ်တွင် စုဖွဲ့ရောက်ရှိနေသော စစ်ကောင်စီတပ်ဖက်မှ ဒရုန်း၊ လက်နက်ကြီးများကို အလွန်အကျွံအသုံးပြု၍ တိုက်ခိုက်မှုများကို နေ့စဉ်နီးပါး ပြုလုပ်ခဲ့ကြောင်း KNDF မှထုတ်ပြန်သည်။

ကရင်နီ - ရှမ်းတောင်နယ်စပ်ရှိ ဆီဆိုင်မြို့နယ်၊ ရွှေတဂူကျေးရွာအပြင်ရှိ စေတီကုန်းပေါ်တွင် စစ်ကောင်စီနှင့် PNO တို့ ပူးပေါင်းတပ်စွဲထားသော စခန်းကုန်းအား ဇန်နဝါရီလ ၉ ရက်တွင် KNDF အပါအဝင်တော်လှန်ရေးတပ်များ ပူးပေါင်းကာ တိုက်ခိုက်သိမ်းပိုက်ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား (၃ဝ)ကျော်သေဆုံးကာ လက်နက်ကြီးငယ်အစုံ(၂၈)လက် အား သိမ်းဆည်းရရှိခဲ့ကြောင်း KNDF ကဆိုသည်။
ဇန်နဝါရီလ(၁)လတာအတွင်း စစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်များအား တိုက်ခိုက်ရင်း KNDF မှ ရဲဘော်(၆)ဦး ကျဆုံးခဲ့ကြောင်း၊ ကရင်နီ-ရှမ်းတောင် နယ်စပ်တို့တွင် စစ်ကောင်စီမှ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု (၃၁)ကြိမ်ထက်မနည်းပြုလုပ်ခဲ့သလို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် မှု (၃၀)ကြိမ်နှင့်အထက် ပြုလုပ်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီမှ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကလေးငယ် (၂)ဦးအပါအဝင် စုစုပေါင်းအရပ်သား(၇)ဦးသေဆုံးခဲ့ပြီး ကလေးငယ် (၃)ဦး၊ ကိုယ်ဝန်ဆောင်မိခင် (၁)ဦးအပါအဝင် စုစုပေါင်းအရပ်သား (၁၄)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ကရင်နီပြည်နယ်တွင်းနှင့် ကရင်နီ-ရှမ်းတောင်နယ်စပ်တို့တွင် စစ်ကောင်စီ၏ လေကြောင်း ၊ လက်နက်ကြီး ၊ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် (၃၈)လုံးနှင့်အထက် ထိခိုက်ပျက်ဆီးခဲ့ပြီး စာသင်ကျောင်း (၂)ကျောင်း ၊ ဘုန်ကြီးကျောင်း (၅)ကျောင်းထိခိုက်ပျက်ဆီးခဲ့သည်။

ထို့အတူ ဇန်နဝါရီလ (၁)လတာအတွင်း စစ်ကောင်စီဖက်မှ ဒုအရာခံဗိုလ် (၁)ဦး ၊ တပ်သား (၉)ဦး စုစုပေါင်း တပ်ဖွဲ့ဝင် (၁၀)ဦးသည် သေနတ် (၇)လက်နှင့်အတူ KNDF သို့ အသီးသီး ဘက်ပြောင်းခိုလှုံလာခဲ့ကြောင်း KNDF မှထုတ်ပြန်သည်။

Photo - KNDF




Comments