Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ဘီးလင်းမြို့ မဲပလီ ဗျူဟာစခန်းသိမ်း တိုက်ပွဲတွင် ဗိုလ်မှူး အပါအဝင် ၂၉ဦး သေဆုံး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီ၏ မဲပလီ ဗျူဟာစခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူး (၁) ဦး နှင့် ဗိုလ်ကြီး (၁)ဦးအပါအဝင် (၂၉) ဦး သေဆုံးခဲ့ကာ သုံ့ပန်းအဖြစ် (၂၉) ဦး ဖမ်းဆီးရမိခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။ 

ဌင်းဗျူဟာစခန်းသည် စစ်ကောင်စီတပ် အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နည်းဗျူဟာ (၂) မှူး ဗိုလ်မှူးကြီး သက်လွင်ဦး နှင့် အမှတ် (၄ဝ၅) ခြေမြန်တပ်ရင်း တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုင်းသူရဌေး အခြေစိုက်သော တပ်စခန်းဖြစ်သည်။

မဲပလီ ဗျူဟာစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ (၁)နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ နေ့လည် တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

မဲပလီ ဗျူဟာစခန်းမှ ဟောင်ဝစ်ဇာအပါအဝင် လက်နက်ကြီး လက်နက်ငယ်  စုစုပေါင်း (၄၂) လက် နှင် လက်နက်ကြီး ကျည် (၁၃၃)လုံး၊ လက်နက်ငယ်ကျည်ဆံ (၁၇၂၆၄)လုံး အပြင် စစ်အသုံးအဆောင်ပစ္စည်းများ ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း  ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။ 

မဲပလီဗျူဟာသိမ်းတိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ (၃) ဦး ကျဆုံးကာ (၃၃) ဦး ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဓါတ်ပုံ − မဲပလီ စစ်ကောင်စီတပ်စခန်းမှ သိမ်းပိုက်ရရှိသော စစ်လက်နက်များနှင့် စစ်သုံ့ပန်းများ။  (Photo - KNU) 

Bagan News

Comments