Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဘီးလင်းမြို့ မဲပလီ ဗျူဟာစခန်းသိမ်း တိုက်ပွဲတွင် ဗိုလ်မှူး အပါအဝင် ၂၉ဦး သေဆုံး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီ၏ မဲပလီ ဗျူဟာစခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူး (၁) ဦး နှင့် ဗိုလ်ကြီး (၁)ဦးအပါအဝင် (၂၉) ဦး သေဆုံးခဲ့ကာ သုံ့ပန်းအဖြစ် (၂၉) ဦး ဖမ်းဆီးရမိခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။ 

ဌင်းဗျူဟာစခန်းသည် စစ်ကောင်စီတပ် အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နည်းဗျူဟာ (၂) မှူး ဗိုလ်မှူးကြီး သက်လွင်ဦး နှင့် အမှတ် (၄ဝ၅) ခြေမြန်တပ်ရင်း တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုင်းသူရဌေး အခြေစိုက်သော တပ်စခန်းဖြစ်သည်။

မဲပလီ ဗျူဟာစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ (၁)နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ နေ့လည် တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

မဲပလီ ဗျူဟာစခန်းမှ ဟောင်ဝစ်ဇာအပါအဝင် လက်နက်ကြီး လက်နက်ငယ်  စုစုပေါင်း (၄၂) လက် နှင် လက်နက်ကြီး ကျည် (၁၃၃)လုံး၊ လက်နက်ငယ်ကျည်ဆံ (၁၇၂၆၄)လုံး အပြင် စစ်အသုံးအဆောင်ပစ္စည်းများ ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း  ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။ 

မဲပလီဗျူဟာသိမ်းတိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ (၃) ဦး ကျဆုံးကာ (၃၃) ဦး ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဓါတ်ပုံ − မဲပလီ စစ်ကောင်စီတပ်စခန်းမှ သိမ်းပိုက်ရရှိသော စစ်လက်နက်များနှင့် စစ်သုံ့ပန်းများ။  (Photo - KNU) 

Bagan News

Comments