Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်ရေးကြောင့် ပုသိမ်အကျဉ်းထောင်တွင် လုံခြုံရေး တင်းကြပ်

ဧရာဝတီတိုင်းအတွင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့မှုများကြောင့် စစ်ကောင်စီတပ်သည် ပုသိမ်မြို့တွင် စစ်ရေးပြင်ဆင်နေသည်။

စစ်ရေးပြင်ဆင်နေသည့် နည်းတူ ပုသိမ်အကျဉ်းထောင်အတွင်း၌ စစ်ဆေးရေးတင်းကြပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှထုတ်ပြန်သည်။
ပုသိမ်အကျဉ်းထောင်သို့ ကျန်းမာရေးအတွက် ဆေးဝါးပို့ပေးခြင်းများ ကန့်သတ်ထားပြီး စာအုပ်များပေးပို့ခြင်းကို လုံးဝကန့်သတ်လိုက်ကာ ပါဆယ်ပို့ရာတွင်လည်း ဟင်း ၃ မျိုးသာ လက်ခံပြီး ကော်ဖီ ၇ ထုပ်သာ ပေးပို့ခွင့်ရကြောင်း သတင်းရရှိသည်။

ပုသိမ်အကျဉ်းထောင်တွင် တန်းစီးများနှင့် ထောင်ဝန်ထမ်းများ ပူးပေါင်းကာ အခန်းတွင်းမီးလုံးဝယ်ခြင်းမှ အစပြု၍ အခြားငွေကြေးကောက်ခံမှုများ ဆောင်ရွက်‌နေသည်ဟု ဒေသခံများမှသိရသည်။

ပုသိမ်အကျဉ်းထောင်အတွင်းတွင် ဟင်းမလောက်ငှမှုကြောင့် နိုင်ငံရေးအကျဉ်းသားများသည် ထောင်ဈေးဘားကို ငွေသွင်းကာ မတန်တဆဈေးများဖြင့် ဝယ်စားနေရကြောင်း PPNM မှထုတ်ပြန်သည်။

ဌင်းပြင်နိုင်ငံရေးအကျဉ်းသားများသည် နေရာအခက်ခဲ၊ စားသောက်ရေးအခက်အခဲများ ကြုံတွေ့နေကြရုံသာမက သောက်ရေမရရှိ၍ ချိုးရေကိုသာ သောက်သုံးနေကြရသည်။

ပုသိမ်အကျဉ်းထောင်တွင်း ကျန်းမာရေးမကောင်းသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက လုံလောက်စွာ ကျန်းမာရေးစောင့်ရှောက်မှုများ မပေးကြောင်း PPNM မှထုတ်ပြန်သည်။


Comments