Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး လက်နက် ၅ လက်ရ

 စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ညောင်ပင်ဆိပ်ရွာ မြောက်ဘက်တွင် စစ်ကောင်စီတပ်ဖွဲ့အား ကာကွယ်ရေးတပ်များက တိုက်ခိုက်ပြီး  စစ်ကောင်စီတပ်သား ၄ ဦးကာ သေဆုံးလက်နက် ၅ လက်ရရှိခဲ့သည်။ 

ချင်မြစ်ကျင်းရွာ ပျူ‌စောထီးစခန်းမှ ချင်မြစ်ကျင်း-ကာဘိုးလမ်းပိုင်းအား ကင်းယူရန် ဆိုင်ကယ် (၄) စီးဖြင့် ထွက်လာသော စစ်ကောင်စီတပ် နှင့် ပျူစောထီး ပူးပေါင်းအင်အား (၈) ဦးအား ဖေဖော်ဝါရီလ (၃) ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

Photo - အမှတ် (၁) စစ်ဒေသ
ကန့်ဘလူခရိုင် တပ်ရင်း-၄ နှင့် ဒေသခံ ပကဖ ပူးပေါင်းအဖွဲတို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ (၄) ဦး သေဆုံးကာ G-3 (၃) လက်၊ ကာဘိုင် (၂) လက်၊ ကျည် (၂၄၉) တောင့်၊ ကျည်အိမ် (၁၁) ခု သိမ်းဆည်းရခဲ့ကြောင်း NUG အမှတ် (၁) စစ်ဒေသကထုတ်ပြန်သည်။

Bagan News 




Comments