Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ရန်ကုန် - မန္တလေး လမ်းဟောင်းရှိ စစ်ကောင်စီ စခန်း ၇ ခုကို တိုက်ခိုက် တပ်ဖွဲ့ဝင် ၈ ဦး သေဆုံး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ် အတွင်း ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ အခြေချတပ်စွဲထားသည့် ဂိတ်စခန်း (၇)ခုကို တောင်ပိုင်းစစ်‌‌ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲလက်အောက်ခံ တပ်များနှင့် KNU/KNLA ပူးပေါင်းတပ်များက ဖေဖော်ဝါရီလ ၂၅ နှင့် ၂၆ ရက်နေ့များတွင် တိုက်ခိုက် ဖျက်ဆီး လိုက်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦး သေဆုံးခဲ့ပြီး (၂)ဦးထိခိုက်ခဲ့သည်။ 


တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီဂိတ်စခန်းများကို ရှင်းလင်းဖျက်စီးနိုင်ခဲ့ပြီးတော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော် (၁)ဦး ကျဆုံးခဲ့သည်။

ဌင်းစစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ လက်အောက်ရှိ အမှတ် (၃၇ဝ၂) တပ်ရင်း၊ အမှတ် (၃၅ဝ၂) တပ်ရင်း၊ Spring Warrior Column တပ်ရင်း၊ အာဠာဝကစစ်‌ကြောင်း(၇၈ဝ၃)၊ ဧရာဝတီစစ်ကြောင်း(၆ဝဝ၂)၊ စစ်တောင်းစစ်ကြောင်း၊ ရန်ကုန် ပကဖ၊ ဖြူး ပကဖ တို့နှင့် KNLA တပ်ရင်း ၉ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Bagan News 


Comments