Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်အုပ်စု လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီ ပထမပတ် အထိ ၁၃၅ ဦး သေဆုံး

၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ နိုင်ငံတဝန်း၌ စစ်အုပ်စုကြောင့် အမျိုးသမီး (၆၄) ဦးနှင့် အမျိုးသား (၇၁) ဦး စုစုပေါင်း (၁၃၅) ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)မှထုတ်ပြန်သည်။

ဌင်းထဲတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၂၃) ဦး ပါဝင်ပြီး (၂၂) ဦးမှာ စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နံနက် ၇ နာရီ ၁၃ မိနစ်တွင် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ သစ်ပင်ကောက်ကျေးရွာမှ စစ်အုပ်စုနှင့် PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဌင်းလက်နက်သည် ညောင်ရွှေမြို့နယ်၊ ဘုရားတောင်ကျေးရွာအုပ်စုရှိလွယ်နွဲ့ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး သက်ကြီးအမျိုးသားတဦးကျည်စထိမှန်ကာ နေရာတွင် သေဆုံးခဲ့သည်။

၎င်းအပြင် ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နံနက် ၉ နာရီဝန်းကျင်တွင် ဘုရားတောင်ကျေးရွာအုပ်စုရှိ စစ်ရှောင်စခန်းကို စစ်အုပ်စုပူးပေါင်းအဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် စစ်ဘေးရှောင်ပြည်သူ အမျိုးသားတဦး သေဆုံးခဲ့သည်။

အေအေပီပီစာရင်းအရ ၂ဝ၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ၂ဝ၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ အထိ စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၂၆၂) ဦး သေဆုံးခဲ့သည်။

မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၅၁၆) ဦးရှိပြီး ထိုအထဲမှ (၂၁၇၈၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁ဝ၂၇၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှထုတ်ပြန်သည်။

ဓာတ်ပုံ - ဇန်နဝါရီလ ၆ ရက်နေ့တွင် စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် နောင်ချိုမြို့နယ်တွင်း ထိခိုက်ပျက်စီမှုများ။ (Photo - TNLA)


Comments