Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

အကျဉ်းဦးစီးဝန်ထမ်းများမှ နိုင်ငံ‌ရေးအကျဉ်းသား မိသားစုဝင်များထံ ငွေကြေးလိမ်လည်

ဒိုက်ဦး ၊အိုးဘို၊ မြိတ်၊ ညောင်ဦး ၊ပခုက္ကူအကျဉ်းထောင်ဝန်ထမ်းများမှ နိုင်ငံ‌ရေးအကျဉ်းသား မိသားစုဝင်များထံ ငွေကြေးလိမ်လည်တောင်းခံနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှထုတ်ပြန်သည်။

၂ဝ၂၅ ခုနှစ် ဇန်နဝါရီလအစောပိုင်းမှ စ၍ အကျဉ်းဦးစီးဝန်ထမ်းများသည် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များထံ ဖုန်းဖြင့်ဆက်သွယ်ကာ အကြောင်းပြချက်အမျိုးမျိုးဖြင့် ငွေကြေးလိမ်လည်တောင်းဆိုမှုများရှိနေကြောင်း PPNM မှသိရသည်။
Photo - PPNM (အကျဉ်းဦးစီးဝန်ထမ်းများ)
မန္တလေးအိုးဘိုအကျဉ်းထောင်၊ ဒိုက်ဦးအကျဉ်းထောင်၊မြိတ်အကျဉ်းထောင်တို့တွင် တာဝန်ထမ်းဆောင်နေသည့် အကျဉ်းဦးစီးဝန်ထမ်းမှ မိသားစုဝင်များထံ ဖုန်းဖြင့်ဆက်သွယ်၍ယနေ့အထိ ငွေကြေးလိမ်လည်တောင်းခံနေသည်ကို စီစစ်တွေ့ရှိရကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

ဒိုက်ဦးထောင်တွင် အိပ်ဆောင်(၄)၏ အဆောင်မှူး မျိုးသီဟအောင်မှ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များကို ၎င်းတို့၏ မိသားစုဝင် ဆေးရုံတက်နေရ၍ ငွေကြေး အရေးပေါ်လိုအပ်လျက်ရှိကြောင်း ပြောဆိုကာ မကြာခဏ လိမ်လည်တောင်းခံလျက်ရှိကြောင်း သိရသည်။

အဆောင်မှူး မျိုးသီဟအောင် အပါအဝင် ဒိုက်ဦးထောင်ရှိ ဝန်ထမ်းများသည် မိသားစုဝင်များထံမှ ငွေကြေးအနည်းဆုံး ကျပ်တသိန်းမှစ၍ သိန်းတရာဝန်းကျင်အထိ လိမ်လည်တောင်းခံနေကြောင်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် အိုးဘိုထောင် အကျဉ်းဦးစီးဝန်ထမ်း ဆုပိုပိုလင်းမှ ဓာတ်ဆားထုတ်ဝယ်ယူရန်ဟုဆိုကာ မြန်မာကျပ်ငွေ ငါးသောင်းကျပ်မှစ၍ တသိန်းကျပ်အထိ လိမ်လည်တောင်းခံမှုများရှိခဲ့ကြောင်း သိရသည်။

မြိတ်အကျဉ်းထောင်မှ အကျဉ်းဦးစီးဝန်ထမ်းအမျိုးသားတဦးသည် နိုင်ငံရေးအကျဉ်းသားတဦး၏ မိသားစုများထံ ငွေကြေးလိမ်လည်တောင်းဆိုနေမှုများရှိကြောင်း သိရသည်။

ညောင်ဦးအကျဉ်းထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသားတဦးမှ ပစ္စည်းမှာခိုင်းသည်ဟု ဆိုကာ မိသားစုဝင်များထံ ဖုန်းဆက် တောင်းခံခြင်းများ ပြုလုပ်လျက်ရှိသည်။

ပခုက္ကူအကျဉ်းထောင်တွင်လည်း ကျော်လေး ဆိုသူ ဝန်ထမ်းက ငွေကြေးပျမ်းမျှ တသိန်းမှ သုံးသိန်းအထိ တောင်းခံလျက်ရှိပြီး ဆရာသော် အမည်ဖြင့် အကျဉ်းဦးစီးဝန်ထမ်း တဦးကလည်း ငွေကြေးလိမ်လည်လျက်ရှိသည်။

နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များအနေဖြင့် သေချာစီစစ်မေးမြန်းပြီးမှသာ ငွေလွှဲရန်နှင့် လိမ်လည်‌တောင်းခံ‌နေမှုများ ဆိုးရွားလာပါက ကျုးလွန်သူကိုဓာတ်ပုံနှင့်တကွ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း PPNM က သတိပေးသည်။


Comments