Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

လယ်ဒိုမြို့နယ် စစ်ကောင်စီ ဂိတ်စခန်း ၃ ခုကို K.N.L.A ပူးပေါင်းတပ် သိမ်းပိုက်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)၊ လယ်ဒိုမြို့နယ် အတွင်းရှိ စစ်ကောင်စီ ဂိတ်စခန်း ၃ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ပူးပေါင်းတပ်က ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည (၁၂) နာရီ အချိန်တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

စစ်ကောင်စီတပ် ခမရ−၅၆ဝ ဦးဆောင်သည့် တပ်ပေါင်းစု ဝင်ရောက်ကျူးကျော်တပ်စွဲထားသော (၁) နရွဲပင် ဂိတ်စခန်း၊ (၂) တော်ဝိကျေးရွာနှင့် ထိန်တပင်ကြား ရှိ ဂိတ်စခန်း နှင့် (၃) ကျွန်းကုန်းကျေးရွာဘေး တောရကျောင်းတွင် တပ်စွဲထားသော ဂိတ်စခန်းများအား K.N.L.A တပ်ရင်း (၉) ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များမှ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

စခန်းသိမ်းပိုက်စဉ်အတွင်း စစ်ကောင်စီတပ်မှ (၆) ဦး သေဆုံးပြီး (၆ဝ) မမ ကွန်မန်ဒိုစိန်ပြောင်း တခုအပါအဝင် လက်နက်ငယ် (၅) လက်နှင့် ခဲယမ်းများအား သိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူ−ဗဟို ကထုတ်ပြန်သည်။ 

ဓါတ်ပုံ − စစ်ကောင်စီ ဂိတ်စခန်းများမှ သိမ်ပိုက်ရရှိသော လက်နက်ခဲယမ်းများ။

Bagan News 


Comments