Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မြန်မာစစ်ခေါင်းဆောင် စစ်အာဏာရှင် အဆက်ဆက်ကြောင့် ကျရှုံးနိုင်ငံ ဖြစ်နေရဟု TNLA ပြော

မြန်မာပြည်သည် ကျရှုံးနိုင်ငံ ဖြစ်နေပြီဖြစ်ပြီး  နိုင်ငံတွင်းရှိ ဌာနေလူမျိုးများ ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးနေရခြင်းတို့၏ အဓိကတရားခံသည် မြန်မာစစ်ခေါင်းဆောင်၊ စစ်အာဏာရှင်အဆက်ဆက်တို့ကြောင့် ဖြစ်ကြောင်း တအာင်းတပ်မတော် TNLA က ယနေ့ကျရောက်သည့် (၇၈)နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းအခမ်းအနား သို ပေးပိုသည့်  သဝဏ်လွှာတွင်ရေးသားထုတ်ပြန်သည်။ 

မြန်မာစစ်အာဏာရှင်အဆက်ဆက်၊ မြန်မာအစိုးရအဆက်ဆက်နှင့် နိုင်ငံရေးပါတီများသည် ချစ်ဖွယ်ကောင်းသော မတူကွဲပြားသည့် မြန်မာပြည်ရှိ လူမျိုးများကို နိုင်ငံရေး အခွင့်အရေးများ သာတူညီမျှစွာ၊ လွတ်လပ်စွာ ခံစားနိုင်စေရန် မပေးစွမ်းနိုင်ဘဲ၊ တိုင်းပြည်ကို စစ်ပွဲနှင့် ဆင်းရဲ မွဲတေမှုသို့သာ ဖန်တီးတွန်းပို့လာခဲ့ကြကြောင်း TNLA ကပြောသည်။ 

လွန်ခဲ့သော နှစ်ကာလများစွာတွင် “ ပြည်ထောင်စုနေ့ ”ဟု အထိမ်းအမှတ်အခမ်းအနားများ ကျင်းပခဲ့ ရာမှ ယခုအခါ "(၇၈) နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်း" အခမ်းအနားဟု အမည်ပညတ် ပြောင်းလဲ ကျင်းပလာခြင်းသည် မြန်မာနိုင်ငံ၏ ပြည်ထောင်စုပြဿနာ ကြီးမားစွာ တည်ရှိနေဆဲဖြစ်သည်ဟု ဝန်ခံရာ ရောက်သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။ 

လက်ရှိအချိန်ထိ ပြည်ထောင်စုနိုင်ငံ မတည်ဆောက်နိုင်ခြင်းသည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ များနှင့် နိုင်ငံရေး/တော်လှန်ရေး ခေါင်းဆောင်များ၏ နိုင်ငံရေးယဉ်ကျေးမှု နိမ့်ကျနေဆဲ အခြေအနေကို ညွှန်ပြနေခြင်းသာဖြစ်ပြီး မြန်မာပြည်အတွင်းရှိ နိုင်ငံသားတိုင်း၊ လူမျိုးတိုင်း လွတ်မြောက်ချိန်တန်ပြီဟု TNLA ကထုတ်ပြန်သည်။ 

Photo - TNLA - PSLF/TNLA ၏ အခြေခံစစ်သင်တန်း အပတ်စဉ် (၆၅) ဆင်းပွဲ။

Bagan News 


Comments