Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

TNLA ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးဆွေးနွေးရန် တရုတ်ရောက်ချိန် နောင်ချိုမြို့နယ်ကို စစ်ကောင်စီမှ ဗုံး ၁၇၅ လုံး ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်အား  တောင်ခမ်းဒေသရှိ စစ်ကောင်စီတပ်မှဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် လက်နက်ကြီးနှင့် Y-12 လေယာဉ်အသုံးပြုပြီး ဗုံး (၁၇၅)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA ၏ ကိုယ်စားလှယ်များသည် တရုတ်အစိုးရစီစဉ်ချက်အရ မြန်မာကိုယ်စားလှယ်များနှင့်တွေ့ဆုံရန်အတွက် ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို ရောက်ရှိနေချိန် စစ်ကောင်စီတပ်မှ  နောင်ချိုမြို့နယ်အား ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်။ 

နောင်ချိုမြို့နယ်အတွင်းရှိ နာဆွေကျေးရွာ၊ အုမ္မတီးကျေးရွာ၊  ညောင်နီကျေးရွာနှင့် တောင်ရွှေကျေးရွာများအား ဖေဖော်ဝါရီလ ၁၅ ရက်တွင်  တောင်ခမ်းစခန်းမှ ခမရ (၄ဝ၆)၊ တပ်ရင်း (၃၅၄)နှင့် တပ်ရင်း (၉ဝ၂)တို့မှ လက်နက်ကြီး အလုံးရေ (၁၃၇)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA ကထုတ်ပြန်သည်။ 

ထို့ပြင် ဖေဖော်ဝါရီလ ၁၅ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် နာဆွေကျေးရွာအတွင်း ဗုံး (၃၈)လုံး လာရောက်ကြဲချခဲ့ကြောင်းသိရသည်။ 

ပြီးခဲ့သည့် ဖေဖောဝါရီလ ၁ဝ ရက်နေ့ကလည်း TNLA ထိန်းချုပ်ရာ  မိုးကုတ်မြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုပြီး ဗုံး (၂ဝ)ခန့် လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၅)ဦး သေဆုံးကာ (၁၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့၌ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် PSLF/TNLA ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကောင်စီဘက်မှ ကစထ(၁) မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့က တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် ငြိမ်းချမ်းရေးဆွေးနွေးကြမည်ဖြစ်သည်။

Bagan News 


Comments