Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မြန်မာစစ်ဘေးရှောင် ၄ဝဝ ကျော် ထိုင်းဘက်ခြမ်း ထွက်ပြေး

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်တခုကို KNLA တပ်ဖွဲ့ကတိုက်ခိုက်မှုကြောင့် မြန်မာစစ်ဘေးရှောင် ၄ဝဝ ကျော် ထိုင်းဘက်ခြမ်း ထွက်ပြေးလာခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၂၈)ရက်တွင် ထိုင်း-မြန်မာနယ်စပ် နယ်ခြားမျဉ်းမှ ၈ဝဝ မီတာအကွာရှိ ပလူတူ စခန်းကို KNLA တပ်ဖွဲ့များ ကတိုက်ခိုက်ခဲ့သည်ဟုသတင်းတွင်ရေးသားသည်။ 

ဓာတ်ပုံ - The Reporters 

ဌင်းနေရာသည် ထိုင်းနိုင်ငံ၊ တက်ခရိုင်၊ မေအူဆူမြို့နယ်ခွဲ၊ နောင်ဘူဝါရွာနှင့် ကပ်လျက်ရှိသည်။

တိုက်ပွဲကြောင့် မြန်မာဘက်ခြမ်းမှ စစ်ဘေး ဒုက္ခသည်စုစုပေါင်းမှာ ၄၃၆ ဦး  ထွက်ပြေးလာကြပြီး နောင်ဘူဝါရွာရှိ ခရစ်ယာန်ဘုရားကျောင်း တွင် ယာယီထားရှိကြောင်း သိရသည်။ 

မြန်မာပြည်မှ ဒုက္ခသည်များကို ထိုင်းအာဏာပိုင်များမှ အစားအသောက်၊ အဝတ်အထည်နှင့် အခြားလိုအပ်သောပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း ထိုင်းရီပိုတာသတင်းတွင်ဖော်ပြသည်။

Bagan News 


Comments