Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

နောင်ချိုတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော်အပါ ၉ ဦး သေဆုံး

ရှမ်းပြည်နယ် နောင်ချိုမြို၊ စိန်ရတနာ ပရိယတ္တိစာသင်တိုက်အား ယမန်နေ့(မတ်-၁၆)ရက်  ညနေတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော်အပါအဝင် ၉ ဦး သေဆုံး ခဲ့သည်။

စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့်ပေါင် (၂၅ဝ) ဗုံး (၄)လုံးနှင့် စက်သေနတ်များ ဖြင့်လာရောက်ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တအာင်းတပ် TNLA ကထုတ်ပြန်သည်။ 

ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ၎င်းစာသင်တိုက်အတွင်းရှိသော ရဟန်း (၂)ပါး၊သာမဏေ (၄)ပါး၊ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၂)ဦးအပါအဝင် စုစုပေါင်း (၉)ဦး ဗုံးစထိမှန် သေဆုံးခဲ့သည်။

၎င်းနောက် သံဃာတော် (၁၃)ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ပြည်သူလူထု (၄)ဦး ဒဏ်ရာရရှိခဲ့သည်။ နေအိမ်နှင့် ကျောင်းဆောင်အများအပြားလည်း ဗုံးကြောင့် ထိမှန်ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်၏ ဗုံးကြဲချမှုကြောင့် ဒဏ်ရာရရှိခဲ့သည့်လူနာများကို TNLA တာဝန်ရှိသူများနှင့် ပြည်သူများမှ ဝိုင်းဝန်းပြီး ဆေးကုသရန် ပိုဆောင်ပေးခဲ့သည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေကြောင်း ကထုတ်ပြန်သည်။ 

Bagan News 

Comments