Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဂန့်ဂေါ နှမ်းခါးရွာ ဆေးပေးခန်း လေကြောင်းတိုက်ခိုက်ခံရ အရပ်သား ၁၁ ဦးသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း နှမ်းခါးကျေးရွာအတွင်းရှိ ဆေးပေးခန်းကို ယမန်နေ့ (မတ်လ ၂၂ ရက်နေ့) မနက် ၈ နာရီ ၃၈ မိနစ်ခန့်တွင် စစ်ကောင်စီတပ်မှဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အရပ်သား ၁၁ ဦး သေဆုံးခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့မှသိရသည်။ 


ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးပေးခန်းအတွင်း ဆေးဝါးကုသပေးနေသော ဆရာဝန်နှင့် မိသားစု ၃ ဦးအပါအဝင် ဆေးခန်းပြသူ ‌၈ ဦး  စုစုပေါင်း ၁၁ ဦးသေဆုံးကာ ‌ ၆ ဦး ဒဏ်ရာရရှိခဲ့သည်။ 

"မနက်က ၈နာရီခွဲကျော်ကျော်လောက်မှာ လေကြောင်းနဲ့လာကြဲသွားတာ။ အချိန်က ဆေးခန်းပြတဲ့အချိန်ဆိုတော့ ဆေးခန်းထဲမှာရောက်နေတဲ့ လူနာတွေရော ဆရာဝန်မိသားစုရော စုစုပေါင်း ၁၁ လောင်း တွေ့ရပြီ။ ဒီထက်ပိုမပိုတော့ မပြောနိုင်သေးဘူး။ သေဆုံးသွားတဲ့အထဲမှာဆို  ကလေးငယ် ၅ယောက်လောက်အထိပါနေတယ်ဗျာ"ဟု ဒေသခံတဦးကပြောသည်။ 

ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးပေးခန်း မီးလောင်ပျက်စီးခဲ့ပြီး အနီးနားရှိ လူနေအိမ်အများအပြား ပြိုကျပျက်စီး ခဲ့သည်။ 

ယောဒေသတွင် ‌၂၀၂၅ ခုနှစ် မတ်လ တလအတွင်း လေကြောင်းတိုက်ခံရမှုကြောင့် ကန်ရွာမှ အရပ်သား  ၄ ဦး၊ မြစ်သာဆည်ပေါ်လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သား ၁ ဦး၊ ထီးလင်းမြို့နယ် လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သား ၄ ဦးနှင့် နှမ်းခါးရွာလေကြောင်းတိုက်ခိုက်မှုတွင်အရပ်သား ၁၁ ဦး စုစုပေါင်းအရပ်သား ၂၀ ဦးခန့် သေဆုံးခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့မှထုတ်ပြန်သည်။ 

- ZY/Bagan News 

ဓာတ်ပုံ- နှမ်းခါးကျေးရွာ၊ ဆေးပေးခန်း လေကြောင်းတိုက်ခိုက်ခံရမှုမြင်ကွင်း။ 

Bagan News Agency 

Comments