မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။ အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။ မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...
မန္တလေးမြို့အနီးတွင် ယနေ့ နေ့လယ် ၁၂ နာရီ ၅၁ မိနစ်ခန့်တွင် လူပ်ခတ်ခဲ့သည့် ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့်နောက်ဆက်တွဲ ငလျင်များကြောင့် တနိုင်ငံလုံးတွင် သေဆုံးသူ ၁၄၄ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၄၆၄ ဦးရှိသည်ဟု စစ်ကောင်စီခေါင်းဆောင်က ယနေ့ ထုတ်ပြန်ပြောဆိုသည်။
စစ်ကောင်စီထုတ်ပြန်ချက်အရ နေပြည်တော်ကောင်စီနယ်မြေတွင် သေဆုံးသူ ၉၆ ဦး ၊ စစ်ကိုင်းတွင် ၁၈ ဦး၊ ကျောက်ဆည်တွင် ၃ဝ ဦးရှိသည်။ဒဏ်ရာရရှိသူများမှာ နေပြည်တော်ကောင်စီနယ်မြေတွင် ၄၃၂ ဦး၊ စစ်ကိုင်းတွင် ၃ဝဝ ဦးနှင့် ကျောက်ဆည်တွင် ၇၃၂ ဦးရှိသည်။
ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့်နောက်ဆက်တွဲ ငလျင်များကြောင့် မန္တလေးမြို့၌ နေအိမ်အချို့ ပြိုကျပျက်စီးမှုများရှိခဲ့ပြီးမဟာမြတ်မုနိဘုရားမုဒ်ဦး၊မန္တလေး တက္ကသိုလ်အဆောက်အအုံ၊ နန်းမြို့ရိုးနေရာ၊ မစိုးရိမ်ဓမ္မရက္ခိတကျောင်း အချို့ပြိုကျပျက်စီးခဲ့သည်။
ဌင်းငလျင်ကြောင့် စစ်ကိုင်းတံတားဟောင်းလည်း ယနေ့ ကျိုးကျခဲ့သည်။
မန္တလေးမြို့အနီးတွင် ယနေ့ မတ်လ ၂၈ ရက် တရက်အတွင်း ငလျင် ၅ ကြိမ် လူပ်ခတ် ခဲ့ကြောင်း မိုး၊ဇလဌာနက သတင်းထုတ်ပြန်သည်။
ယနေ့ မြန်မာစံတော်ချိန် (၁၂) နာရီ၊ (၅၁) မိနစ်၊ (၁၂) စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မန္တလေးမြို့၏ အရှေ့မြောက်ဘက် (၂၀) ကီလိုမီတာခန့်အကွာ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း မိုး၊ဇလဌာနက ပြောသည်။
ဌင်းငလျင်ကြောင့် မြန်မာနိုင်ငံမြို့ကြီးအချို့ အပါအဝင် ငလျင်ကြောနှင့်ဆက်စပ်နေသည့်ထိုင်းနိုင်ငံရှိ ဘန်ကောက်၊ ၊ချင်းမိုင်၊မဲဆောက်မြို့များပါ အကျိုးသက်ရောက်မှုရှိခဲ့သည်။
ဘန်ကောက်မြို့ ချတုချပ်မြို့နယ်ရှိ ပြုပြင်နေသည့် အဆောက်အအုံတခု ပြိုကျခဲ့ပြီး အဆောက် အအုံအတွင်း အနည်းဆုံး မြန်မာအလုပ်သမား ၄၃ ဦး ပိတ်မိနေနိုင်ကြောင်း ထိုင်းအစိုးရက သတင်းထုတ်ပြန်ထားသည်။
ZY / Bagan News
ဓာတ်ပုံ - ငလျင်ကြောင့် မန္တလေးမြို့တွင် ပြိုကျပျက်စီးမှုများ။ (Photo - CJ/FB)
.jpg)

Comments
Post a Comment