Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ငလျင်ကြောင့် အင်းလေး ဒေသခံ ၄၆ ဦး သေဆုံး

ယမန်နေ့ မတ်လ (၂၈)ရက်နေ့တွင် ငလျင်လှုပ်ခတ်မှုကြောင့်  ရှမ်းပြည်နယ် တောင်ပိုင်း ၊ညောင်ရွှေ မြို့နယ် အင်းလေးဒေသ ကေလာကျေးရွာနှင့် ဇရပ်ကြီးရွာတွင် ဒေသခံ ၄၆ ဦး သေဆုံးခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့မှသိရသည်။  

ကေလာကျေးရွာတွင် စုစုပေါင်းအိမ်ခြေ ၁ဝ၅၇ လုံးရှိပြီး ငလျင်ကြောင့် အိမ်ခြေ ၈၁၈ လုံးပျက်စီးခဲ့ကာဒေသခံ ၄၁ ဦးသေဆုံးခဲ့သည်။ 

ဌင်းပြင်  ဇရပ်ကြီးရွာရှိ အိမ်ခြေ ၁၃၅ လုံးတွင် ငလျင်ကြောင့် အိမ်ခြေ ၁၃၂ လုံးပျက်စီးခဲ့ ပြီး ဒေသခံ ၅ ဦး သေဆုံး ခဲ့သည်။               

ယမန်နေ့ မတ်လ (၂၈)ရက်နေ့တွင် ငလျင်လှုပ်ခတ်မှုကြောင့်  ရှမ်းပြည်နယ် တောင်ပိုင်း ၊ညောင်ရွှေ မြို့နယ်ရှိ စံကားအင်းဒေသ စေတီပုထိုးများ ပြိုကျပျက်စီးမှုများရှိခဲ့သည်။ 

မတ်လ (၂၈)ရက်နေ့တွင် ငလျင်လှုပ်ခတ်မှုကြောင့် တနိုင်ငံလုံးတွင် သေဆုံးသူ ၁ဝဝဝ ကျော်ရှိကြောင်း စစ်ကောင်စီက ယနေ့ နေ့လယ်ပိုင်းတွင်ထုတ်ပြန်သည်။ 

ဓာတ်ပုံ - အင်းလေးဒေသလူ့အခွင့်အရေး

Bagan News Agency 

Comments