Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်အုပ်စု ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁၁၈ ဦးသေဆုံး

ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၆ ရက်နေ့အထိ နိုင်ငံတဝန်း၌ စစ်အုပ်စုကြောင့် အမျိုးသမီး (၁၁၈) သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)မှ ထုတ်ပြန်သည်။

ဌင်းထဲတွင် အသက် ၃ နှစ်အရွယ် မိန်းကလေးနှစ်ဦးအပါအဝင် အသက် ၁၈ နှစ်အောက်ကလေးငယ်  (၁၇) ဦး ပါဝင်သည်။ 

သေဆုံးသူများအနက် စစ်ကိုင်းတိုင်းမှာ (၂၆) ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး ရခိုင်ပြည်နယ်မှာ (၂၄) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်သည်။ 

အဆိုပါ (၁၁၈) ဦးတွင် (၉၂) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး (၂၁) ဦးမှာ  လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒုတိယအများဆုံးသေဆုံးခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့၊ ညနေ တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းကျေးရွာအုပ်စု၊ ငထွေစုတ်ကျေးရွာကို စစ်အုပ်စု၏ တောင်ငူလေတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ တဦး ဗုံးစထိမှန် သေဆုံးခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  ၂၀၂၅ ခုနှစ် မတ်လ ၆ ရက်နေ့အထိ စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၃၈၁) ဦး ရှိခဲ့ပြီဖြစ်ကြောင်း (အေအေပီပီ)မှ ထုတ်ပြန်သည်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၇၅၂) ဦးရှိပြီး ထိုအထဲမှ (၂၁၉၇၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်သည်။ 

Photo - ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်အား လေကြောင်းတိုက်ခိုက်မှုမြင်ကွင်း။

Bagan News 

Comments