Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ရေလယ်ကျွန်းဒေသတွင် တိုက်ပွဲပြင်းထန်ပြီး MBT ဌာနချုပ် လက်လွှတ်လိုက်ရ

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်နှင့် ၈ ရက်ကြာတိုက်ပွဲပြင်းထန်ပြီးနောက်  Myingyan Black Tiger (MBT)တပ်ဖွဲ့ဌာနချုပ်ကို လက်လွှတ်လိုက်ရသည်။

ဖေဖော်ဝါရီလ ၂၆ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့် စစ်ကောင်စီ ပူးပေါင်းတပ် အကြား ရေလယ်ကျွန်းဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ယမန်နေ့ မတ်လ ၅ ရက်နေ့တွင် ဇရပ်နီကျေးရွာ၏ မြောက်ဘက်တွင် MBT တပ်ဖွဲ့နှ့င့် စစ်ကောင်စီတပ်တို့ နောက်ဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဌာနချုပ် တပ်စခန်းအား လက်လွှတ်လိုက်ရကြောင်း ဌင်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 

ဌင်းပြင် မတ်လ ၅ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ဇရပ်နီကျေးရွာ၏ မြောက်ဘက်အားလေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သည်။ 

ခဲယမ်းပျက်တောက်မှုနှင့် မဟာမိတ်တပ်များ စစ်ကူလာရန် လမ်းကြောင်းခက်ခဲမှုကြောင့် ဌာနချုပ်တပ်စခန်းအား လက်လွှတ်လိုက်ရကြောင်း MBTတပ်ဖွဲ့ကပြောသည်။ 

၎င်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၁ဝ)ဦးထက်မနည်း သေဆုံးခဲ့ပြီး  ပြည်သူများ အန္တရယ်ကင်းစွာ ရှောင်တိမ်းရန် ခုခံကာကွယ်နိုင်ခဲ့ကြောင်း MBTတပ်ဖွဲ့ကထုတ်ပြန်သည်။ 

အင်အား (၂ဝဝ)ကျော်ပါသော စစ်ကောင်စီ စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၆ရက်မှစကာ ရေလယ်ကျွန်းဒေသအား စစ်ကြောင်းထိုးခဲ့သည်။ 

၎င်းနောက် စစ်ကောင်စီ စစ်ကြောင်းသည် ရေစကြိုမြို့ပေါ်နှင့် ပခုက္ကူမြို့ပေါ်မှ တပ်အင်အား အလုံးအရင်း ပြန်လည်ဖြည့်တင်းကာ ရေစကြိုမြို့နယ်ရှိ မင်္ဂလာခြံရွာ၊မြေစွန်းတော်ရွာနှင့် ရွာသစ်ရွာတိုကို မီးရှိဖျက်ဆီးခဲ့သည်။

Photo - MBT တပ်ဖွဲ့ဝင်များ။

Bagan News 

Comments