Skip to main content

Latest News

ဒီပဲယင်းမြို့နယ်ကို စစ်တပ်ဗုံးကြဲ ပြည်သူ ၁၈ ယောက်သေဆုံး

စစ်ကိုင်းတိုင်း ရေဦးခရိုင် ဒီပဲယင်းမြို့နယ် မရကန်ကျေးရွာကို စစ်တပ်ကလေကြောင်းကဗုံးကြဲချခဲ့တာကြောင့် သေဆုံးသူ ၁၈ ယောက်ရှိလာတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။  ဒီဇင်ဘာလ ၅ ရက်နေ့ည ၈ နာရီခန့်က စစ်တပ်က လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။  စစ်တပ်လေကြောင်းတိုက်ခိုက်တာကြောင့် မရကန်ကျေးရွာက အသက် ၂၂ ကနေ ၇၇ နှစ်အရွယ်အထိအမျိုးသား ၁၅ ယောက်နဲ့ အမျိုးသမီး ၃ ယောက်သေဆုံးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။  ကျေးရွာလက်ဖက်ရည်ဆိုင်ကို စစ်တပ်ကဗုံးကြဲခဲ့တာကြောင့် ဆီးဂိမ်းဘောလုံးပွဲ ကြည့်ရူနေကြတဲ့သူတွေ အများဆုံးသေဆုံးခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။  စစ်တပ်ဗုံးကြခဲ့တာကြောင့် မရကန်ကျေးရွာက နေအိမ်တွေပျက်စီးဆုံးရှုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကာ အသက်အန္တရာယ်စိုးရိမ်ရသူတွလည်းရှိနေတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။ စစ်တပ်က  ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို လေကြောင်းက ပစ်ခတ်တိုက်ခိုက်နေတာကြောင့် လေကြောင်းအန္တရာယ် အထူးဂရုစိုက် နေထိုင်ကြဖို့ အသိပေးထားပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ မနက်အစောပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ ရ...

အိုးဘိုထောင်တွင် ငလျင်ကြောင့် ၄ ဦးသေဆုံး ဒဏ်ရာရရှိသူများအား ဆေးကုသခွင့် ကန့်သတ်

 မန္တလေးမြို့ရှိ အိုးဘိုထောင်တွင် မတ်လ ၂၈ ရက်နေ့က ငလျင်ဒဏ်ကြောင့် ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူများအား ဆေးကုသခွင့် ကန့်သတ်ခြင်းခံနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှထုတ်ပြန်သည်။ 

ငလျင်ကြောင့် အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင်များဖြစ်သည့် အဆောင်(၁)/(၂)နှင့် အမျိုးသမီးဆေးရုံဆောင်များပြိုကျပျက်စီးခဲ့ပြီး အမျိုးသားအဆောင်အလုပ်ရုံအပါအဝင် အဆောင်များနှင့် ကာရံထားသည့် အုတ်ရိုးများပြိုကျခဲ့သည်။

ထို့ပြင်ငလျင်ကြောင့်  စိုးရိမ်ရသူ(၉)ဦးရှိပြီး ဆေးရုံတက်ရန်လိုအပ်သူ(၄ဝ)ကျော်ရှိသည်။ 

အချို့ထိခိုက်ဒဏ်ရာများသည် အကျဉ်းထောင်များတွင် ကုသရန်မလွယ်ကူ၍ ပြင်ပဆေးရုံသို့ ပို့ဆောင်ရန် လိုအပ်လျှက်ရှိသော်လည်း ကုသခွင့်မရပဲ ယနေ့အချိန်ထိ ကန့်သတ်ခံထားရကြောင်း PPNMမှထုတ်ပြန်သည်။ 

ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများမှာ မိသားစုဝင်များနှင့် ဆက်သွယ်တွေ့ဆုံခွင့်မရသည့် အခြေအနေများလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။

အိုးဘိုထောင်တွင် ဆေးဝါးလိုအပ်ချက်များစွာရှိနေပြီး အရက်ပြန်၊ဂွမ်း၊အနာကျက်ဆေးရည်၊ပတ်တီး စသည့် ဆေးဝါးပစ္စည်းများလိုအပ်လျှက်ရှိကြောင်း  PPNMမှထုတ်ပြန်သည်။ 

Bagan News 

Comments