Skip to main content

Latest News

ကျိုက်ထိုမြို့နယ်မှာ စစ်တပ်ပစ်ခတ်လို့ အရပ်သား ၄ ဦး သေဆုံး ပြည်သူ ၁၂ဝဝ ကျော် စစ်ရှောင်နေရ

 မွန်ပြည်နယ် ၊ ကျိုက်ထို မြို့နယ်အတွင်းမှာ စစ်တပ်မှစစ်ကြောင်းထိုး ဝင်ရောက်ပြီး ပစ်ခတ်ခဲ့တာကြောင့် အရပ်သား (၄) ဦး သေဆုံးကာ (၃) ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်အရုံးကထုတ်ပြန်ပါတယ်။  စစ်တပ်စစ်ကြောင်းတွေဟာ ပြည်သူပိုင် နေအိမ် တွေကို ဖောက်ထွင်းမွေနှောက်ပြီး အိမ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ဆိုင်ကယ် (၉) စီးခန်းကိုလည်း အဓမ္မသိမ်းဆည်းယူဆောင်သွားတယ်လို့သိရပါတယ်။  စစ်တပ်စစ်ကြောင်းတွေကြောင့် ကျေးရွာပေါင်း ၁၉ ရွာက ပြည်သူ ၁၂,၉၃၀ ကျော် ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့  ကေအဲန်ယူကပြောပါတယ်။  ဖေဖော်ဝါရီလ (၇)ရက် နေ့မှာ အလူးလေးကျေးရွာ အုပ်စု ၊ ဖေဖော်ဝါရီလ (၉) ရက်နေ့တွင် ခရွဲကျေးရွာအုပ်စုနဲ့ ဝင်းကံကျေးရွာအုပ်စုတွေကိုစစ်တက်ကဝင်ရောက်ခဲ့ပြီး ခရွဲကျေးရွာအုပ်စုကို စစ်တပ်ကပစ်ခတ်ခဲ့တာကြောင့် စစ်ကွင်းရွာက ဦးစောနောင် (၆၀) နှစ် ဇနီးဖြစ်သူ ဒေါ်မအေး (၆၅) နှစ် ၊ မုက္ခမော့ရွာမှ ဦးအေးသိန်း (၆၅) နှစ် တို့ (၃) ဦး အသက်သေဆုံးခဲ့ပါတယ်။  စစ်ကွင်းရွာခံ  (၃) ဦး လက်နက်ကြီး ထိမှန်ဒါဏ်ရာရရှိခဲ့ပြီး အခိုင်ရွာနေ ဦးကြက်ဥ (၅၀) နှစ်ကိုစစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့သိရပ...

အိုးဘိုထောင်တွင် ငလျင်ကြောင့် ၄ ဦးသေဆုံး ဒဏ်ရာရရှိသူများအား ဆေးကုသခွင့် ကန့်သတ်

 မန္တလေးမြို့ရှိ အိုးဘိုထောင်တွင် မတ်လ ၂၈ ရက်နေ့က ငလျင်ဒဏ်ကြောင့် ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူများအား ဆေးကုသခွင့် ကန့်သတ်ခြင်းခံနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှထုတ်ပြန်သည်။ 

ငလျင်ကြောင့် အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင်များဖြစ်သည့် အဆောင်(၁)/(၂)နှင့် အမျိုးသမီးဆေးရုံဆောင်များပြိုကျပျက်စီးခဲ့ပြီး အမျိုးသားအဆောင်အလုပ်ရုံအပါအဝင် အဆောင်များနှင့် ကာရံထားသည့် အုတ်ရိုးများပြိုကျခဲ့သည်။

ထို့ပြင်ငလျင်ကြောင့်  စိုးရိမ်ရသူ(၉)ဦးရှိပြီး ဆေးရုံတက်ရန်လိုအပ်သူ(၄ဝ)ကျော်ရှိသည်။ 

အချို့ထိခိုက်ဒဏ်ရာများသည် အကျဉ်းထောင်များတွင် ကုသရန်မလွယ်ကူ၍ ပြင်ပဆေးရုံသို့ ပို့ဆောင်ရန် လိုအပ်လျှက်ရှိသော်လည်း ကုသခွင့်မရပဲ ယနေ့အချိန်ထိ ကန့်သတ်ခံထားရကြောင်း PPNMမှထုတ်ပြန်သည်။ 

ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများမှာ မိသားစုဝင်များနှင့် ဆက်သွယ်တွေ့ဆုံခွင့်မရသည့် အခြေအနေများလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။

အိုးဘိုထောင်တွင် ဆေးဝါးလိုအပ်ချက်များစွာရှိနေပြီး အရက်ပြန်၊ဂွမ်း၊အနာကျက်ဆေးရည်၊ပတ်တီး စသည့် ဆေးဝါးပစ္စည်းများလိုအပ်လျှက်ရှိကြောင်း  PPNMမှထုတ်ပြန်သည်။ 

Bagan News 

Comments