Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ကော့ကရိတ် ပိုင်ရပ်ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ ၅ ဦးသေဆုံး (Bagan News Podcast)

 ဇွန် ၁၂ - Bagan News / Podcast






- ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ပိုင်ရပ်ရွာကို  စစ်အုပ်စုက ဇွန်လ(၉)ရက်နေ့မှာ လေတပ်က  ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ(၅)ဦးသေဆုံးပြီး (၂၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီကနေ့မှာထုတ်ပြန်ပါတယ်။

- ဆေးကုသခွင့် လုံလောက်စွာမရတာကြောင့် သာယာဝတီအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတစ်ဦးကျဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ပါတယ်။ 

လှည်းကူးမြို့နယ်မှာ ၂ဝ၂၁ ခုနှစ် ၁၁ လပိုင်း ၁ဝ ရက်နေ့က ပုဒ်မ ၅ဝ နဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခံရတဲ့ ဦးကျော်စိုး ကျဆုံးခဲ့တာပါ။

- တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း“ဝူတစ်”ကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုး၊ဇလက ဌာနက ဒီကနေ့ထုတ်ပြန်ပါတယ်။ 

အပူပိုင်းမုန်တိုင်းကြောင့် မနက်ဖြန်မနက်အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွေမှာနေရာကျဲကျဲ ရွာသွန်းနိုင်ပါတယ်။ 

နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာ နေရာစိပ်စိပ်ရွာသွန်းနိုင်းပါတယ်။ 

- Bagan News 


Comments