Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ကော့ကရိတ် ပိုင်ရပ်ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ ၅ ဦးသေဆုံး (Bagan News Podcast)

 ဇွန် ၁၂ - Bagan News / Podcast






- ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ပိုင်ရပ်ရွာကို  စစ်အုပ်စုက ဇွန်လ(၉)ရက်နေ့မှာ လေတပ်က  ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ(၅)ဦးသေဆုံးပြီး (၂၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီကနေ့မှာထုတ်ပြန်ပါတယ်။

- ဆေးကုသခွင့် လုံလောက်စွာမရတာကြောင့် သာယာဝတီအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတစ်ဦးကျဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ပါတယ်။ 

လှည်းကူးမြို့နယ်မှာ ၂ဝ၂၁ ခုနှစ် ၁၁ လပိုင်း ၁ဝ ရက်နေ့က ပုဒ်မ ၅ဝ နဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခံရတဲ့ ဦးကျော်စိုး ကျဆုံးခဲ့တာပါ။

- တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း“ဝူတစ်”ကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုး၊ဇလက ဌာနက ဒီကနေ့ထုတ်ပြန်ပါတယ်။ 

အပူပိုင်းမုန်တိုင်းကြောင့် မနက်ဖြန်မနက်အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွေမှာနေရာကျဲကျဲ ရွာသွန်းနိုင်ပါတယ်။ 

နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာ နေရာစိပ်စိပ်ရွာသွန်းနိုင်းပါတယ်။ 

- Bagan News 


Comments