မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။ အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။ မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...
မန္တလေးတိုင်းဒေသကြီး၊ အင်းဝဒေမှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ရှေးဟောင်းအဆောက်အအုံတွေကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
“ရှေးဟောင်းဘုရားများ သန့်ရှင်းရေး အဖွဲ့(ရန်ကုန်)”ကလဲ တောင်ပေါ်သာ ဘုရားဝင်းက ဘုရားနှစ်ဆူ
၊စန္ဒာမုနိဘုရား၊ ဒေါ်ဂျမ်းစုဘုရားဝင်း၊ သစ္စာတိုက်ဘုရား ၊ဆုထူးပန်ဘုရား ၊ ခဲသင်ဘုရားဝင်း၊လောကထိပ်ဦးဘုရား ၊ ရွှေစည်းခုံဘုရား၊ သက်တော်ရ သက်တော်ရှည် အနီးဘုရားငယ်များ၊ ကျောက်တော်ကြီးဘုရားသုံးဆူ ၊ တောင်တွင်းဘုရားနဲ့ ပင်းယဂူကြီး(၃)လုံးမှာ သန့်ရှင်းရေးလုပ်ငန်းများ၊ အမိုးအကာ အုပ်မိုးခြင်း လုပ်ငန်းများကို ပါဝင်ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။




Comments
Post a Comment