Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်အချုပ်ထောင်မှာမရှိ (Podcast)

 ဇွန် ၂၈ / Bagan News





- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်အချုပ်ထောင်နဲ့ (၁၄)မိုင်အကွာ မှာရှိတဲ့ စစ်ဆင်ရေးအထူးအဖွဲ့ ရုံးစိုက်တဲ့နေရာမှာ လုံခြုံရေးတင်းကြပ်စွာနဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတယ်လို့  မြန်မာ့အကျဉ်းထောင်သက်သေ(MPW)အဖွဲ့က ဒီကနေ့ ဇွန်လ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။ 


ဒေါ်အောင်ဆန်းစုကြည်ဟာ အခြေခံအကျဉ်းသားအခွင့်အရေးဖြစ်တဲ့ ထောင်ဝင်စာဧည့်တွေ့ခွင့်မရရှိပဲ အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ သိရပါတယ်။ 


- စစ်​ကောင်စီ ရိက္ခာပို့ယာဉ်တန်းဟာ ပခုက္ကူမြို့နဲ့ ပေါက်မြို့ကြား  လမ်းတ​လျောက် ကျေးရွာတွေကို စစ်​ကြောင်းထိုး လုယက်နေတယ်လို့ People's Democratic Army ကထုတ်ပြန်ပါတယ်။ 


- မွန်ပြည်နယ် ဘီးလင်းမြို့မှာ လာမယ့် ၄၈ နာရီအတွင်း  စိုးရိမ်ရေမှတ်ရောက်ပြီး ရေကြီးနိုင်တယ်လို့

မိုး၊ဇလဌာနကထုတ်ပြန်ပါတယ်။ 


Telegram  https://t.me/bagannews

Comments