Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်အချုပ်ထောင်မှာမရှိ (Podcast)

 ဇွန် ၂၈ / Bagan News





- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်အချုပ်ထောင်နဲ့ (၁၄)မိုင်အကွာ မှာရှိတဲ့ စစ်ဆင်ရေးအထူးအဖွဲ့ ရုံးစိုက်တဲ့နေရာမှာ လုံခြုံရေးတင်းကြပ်စွာနဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတယ်လို့  မြန်မာ့အကျဉ်းထောင်သက်သေ(MPW)အဖွဲ့က ဒီကနေ့ ဇွန်လ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။ 


ဒေါ်အောင်ဆန်းစုကြည်ဟာ အခြေခံအကျဉ်းသားအခွင့်အရေးဖြစ်တဲ့ ထောင်ဝင်စာဧည့်တွေ့ခွင့်မရရှိပဲ အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ သိရပါတယ်။ 


- စစ်​ကောင်စီ ရိက္ခာပို့ယာဉ်တန်းဟာ ပခုက္ကူမြို့နဲ့ ပေါက်မြို့ကြား  လမ်းတ​လျောက် ကျေးရွာတွေကို စစ်​ကြောင်းထိုး လုယက်နေတယ်လို့ People's Democratic Army ကထုတ်ပြန်ပါတယ်။ 


- မွန်ပြည်နယ် ဘီးလင်းမြို့မှာ လာမယ့် ၄၈ နာရီအတွင်း  စိုးရိမ်ရေမှတ်ရောက်ပြီး ရေကြီးနိုင်တယ်လို့

မိုး၊ဇလဌာနကထုတ်ပြန်ပါတယ်။ 


Telegram  https://t.me/bagannews

Comments