Skip to main content

Posts

Showing posts from July, 2025

Latest News

KIO,CNF,KSCC, IEC , KNPP တို့ပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ NUG ဖွဲ့

 လက်ရှိတော်လှန်ရေးကို တဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံများ ကို အတည်ပြုပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ်အောင်မြင်စွာဖွဲ့စည်းနိုင်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စေရန် ၊ စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော်ဆောင်နိုင်ရန် အတွက် "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီကိုဖွဲ့စည်းလိုက်ကြောင်း NUG ကထုတ်ပြန်သည်။ ၎င်းကော်မတီကို မတ်လ ၃၀ ရက်နေ့တွင်အွန်လိုင်းမှတဆင့် ကနဦး ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ ဖွဲ့စည်းခြင်းအခမ်းအနားသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ ကေအိုင်စီ ဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော်  နဲ့ ဗဟိုကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ  ဖဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ  နှင့် အဖွဲ့ဝင်များ၊ ချင်းအမျိုးသားတပ်ဦး (CNF)  ဥက္ကဋ္ဌ ပူးဇင်ကျုံး နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီ  ဥက္ကဋ္ဌ  ခူဦးရယ်၊ KSCC, IEC , KNPP ခေါင်းဆောင်များနှင့် အဖွဲ့ဝ...

စစ်ကောင်စီ သင်္ဘော ပစ်ခတ်လို့ နေအိမ်တွေ မီးလောင် (Podcast)

- မန္တလေး ဂေါ်ဝန် ဆိပ်ကမ်းကနေ ဧရာဝတီမြစ် အထက်ကို ဆန်တက်နေတဲ့ စစ်ကောင်စီ သင်္ဘောတစ်စီးက ပစ်ခတ်ခဲ့တာကြောင့်  ဝက်လက်မြို့နယ် အင်းဒေါင်းရွာက နေအိမ် ၂ လုံး နဲ့ ပဲမှော်စင် ၂ လုံး မီးလောင်ပျက်စီး - နိုင်ငံရေး အကျဉ်းသူ မဝတ်ရည်အောင်ရဲ့ ဈာပနကို မနေ့က ဇူလိူင်လ ၂၂ ရက် မနက်ပိုင်းမှာ ရန်ကုန်မြို့ရေဝေးသုဿန်မှာကျင်းပ - ထောင်တွင်းမှာ ကျန်းမာရေးကြောင့် သေဆုံးမှုတွေ ထပ်မံမဖြစ်ပေါ်စေဖို့ အသက်တွေကိုပိတ်မထားနဲ့ဖွင့်ပေး တောင်းဆိုလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ပေးကြဖို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကတောင်းဆို - အပူပိုင်း“ဝီဖာ”မုန်တိုင်းက ပြတ်ထွက် လာတဲ့ တိမ်တိုက်တွေကြောင့်   ဇူလိူင် ၂၃ ရက်ကနေ ၂၈ ရက်အတွင်းနေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်

စစ်ကောင်စီ တိုက်လေယာဉ်တစ်စင်းကို ကရင်နီတပ်ပေါင်းစုံ ပစ်ချ (Podcast)

- စစ်ကောင်စီရဲ့ တရုတ်နိုင်ငံထုတ် FTC-2000G အမျိုးအစား တိုက်လေယာဉ်တစ်စင်းကို မနေ့က ဇူလိူင် ၂ ရက်နေ့ မနက်ပိုင်းမှာ ပစ်ချနိုင်ခဲ့တယ်လို့  ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။  - ကချင်ပြည်နယ်က အရပ်သား ၁၇ ဦးကို ဇွန်လအတွင်းမှာ စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့  Kachin Human Rights Watch ကထုတ်ပြန်ပါတယ်။  - ပဲခူးမြို့မှာ လာမယ့် ၂၄ နာရီအတွင်း ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ်ရောက်နိုင်ပြီး ရေကြီးနိုင်တယ်လို့ မိုး၊ဇလဌာနက ထုတ်ပြန်ပါတယ်။ စသည့်သတင်းများကြည့်ရူနိုင်ပါသည်။  # Bagannews