Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ကောလင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီး ၂ ဦးသေဆုံး

 စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နယ်မှာ စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် အမျိုးသမီး (၂) ဦးသေဆုံးခဲ့တယ်လို့ ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ 

ဓာတ်ပုံ - ကောလင်း ပအဖ 
စစ်တပ်က မကွေးလေတပ် တက်ဂျက်ဖိုက်တာ ၁စီးနဲ့ ကောလင်းမြို့နယ် ကချင်ကုန်းကျေးရွာအနီးကို (၄)ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ တစ်လုံးက ကချင်ကုန်း ကျေးရွာ ရွှေဘို-မြစ်ကြီးနားကားလမ်းမကြီးပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန်သုံးကြိမ်ကတော့ ဘုန်းတော်ကြီးကျောင်းအနီးကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူစစ်ရှောင် အမျိုးသမီး (၂) ဦးသေဆုံးပြီး (၂) ဦး ထိခိုက်ဒါဏ်ရာရရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

- BAGAN NEWS 



Comments