Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ကောလင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီး ၂ ဦးသေဆုံး

 စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နယ်မှာ စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် အမျိုးသမီး (၂) ဦးသေဆုံးခဲ့တယ်လို့ ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ 

ဓာတ်ပုံ - ကောလင်း ပအဖ 
စစ်တပ်က မကွေးလေတပ် တက်ဂျက်ဖိုက်တာ ၁စီးနဲ့ ကောလင်းမြို့နယ် ကချင်ကုန်းကျေးရွာအနီးကို (၄)ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ တစ်လုံးက ကချင်ကုန်း ကျေးရွာ ရွှေဘို-မြစ်ကြီးနားကားလမ်းမကြီးပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန်သုံးကြိမ်ကတော့ ဘုန်းတော်ကြီးကျောင်းအနီးကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူစစ်ရှောင် အမျိုးသမီး (၂) ဦးသေဆုံးပြီး (၂) ဦး ထိခိုက်ဒါဏ်ရာရရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

- BAGAN NEWS 



Comments