Skip to main content

Latest News

ကန့်ဘလူမှာ ၁ လအတွင်း ပြည်သူ ၈ဝ ခန့် ပေါ်တာဆွဲခံရ

 အမျိုးသမီး ၂ ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရကာ ၂ ဦး ပျောက်ဆုံးနေဆဲဖြစ် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အောက်တိုဘာ တလအတွင်း စစ်တပ်က ပြည်သူ ၈၀ ခန့်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)ကပြောပါတယ်။   အောက်တိုဘာမှာပဲ စစ်တပ်က အမျိုးသမီးနှစ်ဦးကို အဓမ္မပြုကျင့်  သတ်ဖြတ်ခဲ့ပြီး နှစ်ဦး ပျောက်ဆုံးနေတယ်လို့ မြေပြင်တော်လှန်ရေးအဖွဲ့အစည်းတွေထံက သိရပါတယ်။  ပေါ်တာဆွဲ ဖမ်းခံရတဲ့သူတွေဟာ ထန်းတပင်ရွာက (၂၉) ဦး၊ ဇီးကုန်းရွာက (၁၈) ဦးနဲ့ ရွှေဘို- မြစ်ကြီးနား ဗျူဟာလမ်း စံပါယ်နံ့သာ ပျူအထိုင်စခန်းမှာ (၃၀) ဦးထက် မနည်း ဖမ်းဆီးခံရတာဖြစ်တယ်လို့ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။  အောက်တိုဘာ ၉ ရက်က ဇီးကုန်းသကြားစက်က ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာထန်းတပင်ရွာကို ဝင်ရောက်ပြီး အမျိုးသမီးတဦးကို အဓမ္မပြုကျင့် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။  အဲ့ဒီရက်မှာပဲ အမျိုးသာ (၂၉) ဦးကို ကန့်ဘလူ ၆၀၀၆ တပ်ကို ပေါ်တာဆွဲဖမ်းဆီးသွားပါတယ်။သူတို့တွေကို အောက်တိုဘာ ၂၅ ရက်မှာ စစ်တပ်က Mi 17 လေယာဉ်နဲ့ စစ်သင်တန်းပေးဖို့ အဓမ္မ ပေါ်တာဆွဲ ...

စစ်ကောင်စီ သင်္ဘော ပစ်ခတ်လို့ နေအိမ်တွေ မီးလောင် (Podcast)


- မန္တလေး ဂေါ်ဝန် ဆိပ်ကမ်းကနေ ဧရာဝတီမြစ် အထက်ကို ဆန်တက်နေတဲ့ စစ်ကောင်စီ သင်္ဘောတစ်စီးက ပစ်ခတ်ခဲ့တာကြောင့်  ဝက်လက်မြို့နယ် အင်းဒေါင်းရွာက နေအိမ် ၂ လုံး နဲ့ ပဲမှော်စင် ၂ လုံး မီးလောင်ပျက်စီး

- နိုင်ငံရေး အကျဉ်းသူ မဝတ်ရည်အောင်ရဲ့ ဈာပနကို မနေ့က ဇူလိူင်လ ၂၂ ရက် မနက်ပိုင်းမှာ ရန်ကုန်မြို့ရေဝေးသုဿန်မှာကျင်းပ

- ထောင်တွင်းမှာ ကျန်းမာရေးကြောင့် သေဆုံးမှုတွေ ထပ်မံမဖြစ်ပေါ်စေဖို့ အသက်တွေကိုပိတ်မထားနဲ့ဖွင့်ပေး တောင်းဆိုလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ပေးကြဖို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကတောင်းဆို

- အပူပိုင်း“ဝီဖာ”မုန်တိုင်းက ပြတ်ထွက် လာတဲ့ တိမ်တိုက်တွေကြောင့်   ဇူလိူင် ၂၃ ရက်ကနေ ၂၈ ရက်အတွင်းနေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်



Comments