Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ကျိုက်ထိုမြို့နယ်မှာ စစ်တပ်ပစ်ခတ်လို့ အရပ်သား ၄ ဦး သေဆုံး ပြည်သူ ၁၂ဝဝ ကျော် စစ်ရှောင်နေရ

 မွန်ပြည်နယ် ၊ ကျိုက်ထို မြို့နယ်အတွင်းမှာ စစ်တပ်မှစစ်ကြောင်းထိုး ဝင်ရောက်ပြီး ပစ်ခတ်ခဲ့တာကြောင့် အရပ်သား (၄) ဦး သေဆုံးကာ (၃) ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်အရုံးကထုတ်ပြန်ပါတယ်။ 


စစ်တပ်စစ်ကြောင်းတွေဟာ ပြည်သူပိုင် နေအိမ် တွေကို ဖောက်ထွင်းမွေနှောက်ပြီး အိမ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ဆိုင်ကယ် (၉) စီးခန်းကိုလည်း အဓမ္မသိမ်းဆည်းယူဆောင်သွားတယ်လို့သိရပါတယ်။ 

စစ်တပ်စစ်ကြောင်းတွေကြောင့် ကျေးရွာပေါင်း ၁၉ ရွာက ပြည်သူ ၁၂,၉၃၀ ကျော် ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့  ကေအဲန်ယူကပြောပါတယ်။ 

ဖေဖော်ဝါရီလ (၇)ရက် နေ့မှာ အလူးလေးကျေးရွာ အုပ်စု ၊ ဖေဖော်ဝါရီလ (၉) ရက်နေ့တွင် ခရွဲကျေးရွာအုပ်စုနဲ့ ဝင်းကံကျေးရွာအုပ်စုတွေကိုစစ်တက်ကဝင်ရောက်ခဲ့ပြီး ခရွဲကျေးရွာအုပ်စုကို စစ်တပ်ကပစ်ခတ်ခဲ့တာကြောင့် စစ်ကွင်းရွာက ဦးစောနောင် (၆၀) နှစ် ဇနီးဖြစ်သူ ဒေါ်မအေး (၆၅) နှစ် ၊ မုက္ခမော့ရွာမှ ဦးအေးသိန်း (၆၅) နှစ် တို့ (၃) ဦး အသက်သေဆုံးခဲ့ပါတယ်။ 

စစ်ကွင်းရွာခံ  (၃) ဦး လက်နက်ကြီး ထိမှန်ဒါဏ်ရာရရှိခဲ့ပြီး အခိုင်ရွာနေ ဦးကြက်ဥ (၅၀) နှစ်ကိုစစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။ 

စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် အလူးကျေးရွာအုပ်စု၊ ငှက်ပျောတော ကျေးရွာအုပ်စု၊ ခရွဲကျေးရွာအုပ်စုနဲ့ ဝင်းကံကျေးရွာအုပ်စုတွေက ပြည်သူ ၁၂,၉၃၀ ကျော်မှ ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင်နေရပြီး နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးစောင့်ရှောက်မှုတွေ အရေးပေါ်လိုနေတယ်လို့ ကေအဲန်ယူကထုတ်ပြန်ပါတယ်။ 

ဓါတ်ပုံ - စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးရမှုများ နှင့် စစ်ဘေးရှောင်ပြည်သူ။

- BAGAN NEWS 


Comments