Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ကျိုက်ထိုမြို့နယ်မှာ စစ်တပ်ပစ်ခတ်လို့ အရပ်သား ၄ ဦး သေဆုံး ပြည်သူ ၁၂ဝဝ ကျော် စစ်ရှောင်နေရ

 မွန်ပြည်နယ် ၊ ကျိုက်ထို မြို့နယ်အတွင်းမှာ စစ်တပ်မှစစ်ကြောင်းထိုး ဝင်ရောက်ပြီး ပစ်ခတ်ခဲ့တာကြောင့် အရပ်သား (၄) ဦး သေဆုံးကာ (၃) ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်အရုံးကထုတ်ပြန်ပါတယ်။ 


စစ်တပ်စစ်ကြောင်းတွေဟာ ပြည်သူပိုင် နေအိမ် တွေကို ဖောက်ထွင်းမွေနှောက်ပြီး အိမ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ဆိုင်ကယ် (၉) စီးခန်းကိုလည်း အဓမ္မသိမ်းဆည်းယူဆောင်သွားတယ်လို့သိရပါတယ်။ 

စစ်တပ်စစ်ကြောင်းတွေကြောင့် ကျေးရွာပေါင်း ၁၉ ရွာက ပြည်သူ ၁၂,၉၃၀ ကျော် ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့  ကေအဲန်ယူကပြောပါတယ်။ 

ဖေဖော်ဝါရီလ (၇)ရက် နေ့မှာ အလူးလေးကျေးရွာ အုပ်စု ၊ ဖေဖော်ဝါရီလ (၉) ရက်နေ့တွင် ခရွဲကျေးရွာအုပ်စုနဲ့ ဝင်းကံကျေးရွာအုပ်စုတွေကိုစစ်တက်ကဝင်ရောက်ခဲ့ပြီး ခရွဲကျေးရွာအုပ်စုကို စစ်တပ်ကပစ်ခတ်ခဲ့တာကြောင့် စစ်ကွင်းရွာက ဦးစောနောင် (၆၀) နှစ် ဇနီးဖြစ်သူ ဒေါ်မအေး (၆၅) နှစ် ၊ မုက္ခမော့ရွာမှ ဦးအေးသိန်း (၆၅) နှစ် တို့ (၃) ဦး အသက်သေဆုံးခဲ့ပါတယ်။ 

စစ်ကွင်းရွာခံ  (၃) ဦး လက်နက်ကြီး ထိမှန်ဒါဏ်ရာရရှိခဲ့ပြီး အခိုင်ရွာနေ ဦးကြက်ဥ (၅၀) နှစ်ကိုစစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။ 

စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် အလူးကျေးရွာအုပ်စု၊ ငှက်ပျောတော ကျေးရွာအုပ်စု၊ ခရွဲကျေးရွာအုပ်စုနဲ့ ဝင်းကံကျေးရွာအုပ်စုတွေက ပြည်သူ ၁၂,၉၃၀ ကျော်မှ ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင်နေရပြီး နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးစောင့်ရှောက်မှုတွေ အရေးပေါ်လိုနေတယ်လို့ ကေအဲန်ယူကထုတ်ပြန်ပါတယ်။ 

ဓါတ်ပုံ - စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးရမှုများ နှင့် စစ်ဘေးရှောင်ပြည်သူ။

- BAGAN NEWS 


Comments