Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

တိုင်းနှင့်ပြည်နယ်အနှံတွင် အချိန်အခါမဟုတ် နေရာကျဲကျဲ မိုးရွာသွန်းနိုင်

 ယခုတစ်ပတ်အတွင်း (၁၆.၃.၂၀၂၆ မှ ၂၂.၃.၂၀၂၆ အထိ) ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ  ဘင်္ဂလားပင်လယ်အော် နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။ ယခုတပတ်အတွင်း ကပ္ပလီပင်လယ်ပြင်တွင် တိမ်ထူထပ်ခြင်းနှင့် မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်သော်လည်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ခြေ မရှိကြောင်း NUG လူမှုရေးရာ၊အလုပ်သမားနှင့်လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOHADM)ကထုတ်ပြန်သည်။ 

မိုးလေဝသအခြေအနေမှာ မြန်မာနိုင်ငံ အနောက်မြောက်ဘက်မှ ရွှေ့လျားလာသည့် လေပွေလှိုင်းများကြောင့် ချင်းပြည်နယ်၊စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်နီပြည်နယ်နှင့် တနင်္သာရီတိုင်း တို့တွင် အချိန်အခါမဟုတ် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပါသည်။ 

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း MOHADM မှသိရသည်။

- BAGAN NEWS 


Comments