Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ရေတာရှည်မြို့နယ်တွင် PDF ရဲဘော် ၁ ဦးနှင့် ပြည်သူ ၅ ဦးကို စစ်တပ်သတ်ဖြတ်

 ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် စစ်တပ်ကစစ်ကြောင်းထိုးပြီး PDF ရဲဘော် ၁ ဦးနှင့် ပြည်သူ ၅ ဦးကို သတ်ဖြတ်သွားခဲ့ကြောင်း  ပြည်သူ့လွတ်မြောက်ရေး ကျောင်းသားတပ်‌တော်(PLSF)ကထုတ်ပြန်သည်။ 

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့တွင် စစ်တပ်စစ်ကြောင်းသည်  ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ခြမ်းသို့ အင်အား (၅၀၀) ခန့်ဖြစ် စစ်ကြောင်းထိုးလာခဲ့သည်။ ထို့နောက် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် စစ်ကြောင်း၂ ခု ခွဲထွက်ပြီး အင်အား ၂၀၀ ခန့်ဖြင့် ကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ရာ တော်လှန်ရေး မဟာမိတ်အင်အားစုများဖြင့် စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

ဓာတ်ပုံ - ကျဆုံးခဲ့သည့် PLSF ရဲဘော် ၁ ဦး။
၎င်းနောက် ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် ကျေးရွာအနီးတွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့သည်။  ဖေဖေါ်ဝါရီလ ၂၆ နှင့် ၂၇ ရက်နေ့များတွင် မဟာမိတ်အင်အားစုများနှင့် စစ်တပ် စစ်ကြောင်းအကြား ကျေးရွာအနီး၌ ထပ်မံ၍ စစ်ဆိုင်ခဲ့ကြသည်။ စစ်တပ်စစ်‌ကြောင်းသည် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူပိုင် ပစ္စည်းများအား ဖောက်ထွင်းသိမ်းယူခဲ့ပြီး ပြည်သူ ၄ ဦးအား သတ်ဖြတ်ခဲ့ကြောင်း PLSF မှသိရသည်။ 

ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့တွင် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအထိ ဆက်လက်ဝင်ရောက်ခဲ့ပြီး ဆေးကုသရန် နောက်တန်းစခန်းအား ပြန်လည်ထွက်ခွာခဲ့သည့် ပြည်သူ့လွတ်မြောက်ရေးကျောင်းသားတပ်တော်မှ ရဲဘော် ၁ ဦးနှင့် ပြည်သူ ၁ ဦး အားလမ်းတစ်နေရာတွင် ဖမ်းဆီးခဲ့သည်။

ထို့နောက် ဖမ်းဆီးခံရသူ ၂ ဦးအား လက်ပြန်ကြိုးတုပ်၍ ခေါ်ဆောင်သွားခဲ့ပြီး လှေဆိပ်တွင် နှိပ်စက်ညှင်းပန်းကာ သေနတ် ၃ ချက်စီ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ စစ်တပ်စစ်ကြောင့်ကြောင့် စုစုပေါင်း ပြည်သူ ၅ ဦး သေဆုံး၍ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကာ စစတပ်ဘက်မှ တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း PLSF မှသိရသည်။ 

- BAGAN NEWS 



Comments