Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

စစ်အာဏာသိမ်း ၅ နှစ်အတွင်း စစ်အုပ်စုလက်ချက်ကြောင့် ပြည်သူ ၈ ထောင်နီးပါးသေဆုံး

 စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့အထိ စစ်အုပ်စုနဲ့ လက်အောက်ခံ လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း  သေဆုံးခဲ့တဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်းမှာ ၇၇၃၈ ဦး ရှိခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ပါတယ်။ 

ဓာတ်ပုံ - ရွှေဘိုမြို့နယ် ၊ ငပိအိုးကျေးရွာကို စစ်တပ် လေကြောင်းနဲ့ ဗုံးကြဲခဲ့တဲ့မြင်ကွင်း။ (Photo - CJ/FB)

ဒါ့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃၀၃၅၇ ဦးရှိခဲ့ပါတယ်။အဲ့ဒီအထဲက ၂၂၇၆၇ ဦးကတော့ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ထိန်းသိမ်းခံနေရတွေထဲက ၁၁၅၀၂ ဦးကတော့ ထောင်ဒဏ် ချမှတ် ခံထားရပါတယ်။ 

ဒီအချက်အလက်တွေဟာ လက်လှမ်းမီသမျှ ကောက်ယူထားတာ ဖြစ်ပြီး မြေပြင်မှာ ဒီထက် ပိုမိုများပြားနိုင်တယ်လို့ AAPP အသင်းကပြောပါတယ်။ 

ဒီနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုကြောင့် အမျိုးသမီး (၄၁) ဦးနဲ့ အမျိုးသား (၄၆) ဦး စုစုပေါင်း (၈၇) ဦး သေဆုံးခဲ့တယ်လို့လည်းသိရပါတယ်။ 

သေဆုံးသူတွေထဲမှာ အသက် ၅ လ အရွယ် ကလေးငယ်အပါအဝင် အသက် ၁၈ နှစ်အောက် သေဆုံးသူ (၁၃) ဦး ပါဝင်နေပါတယ်။ သေဆုံးသူများအနက် စစ်ကိုင်းတိုင်းက (၂၄) ဦးနဲ့ သေဆုံးမှု အများဆုံးဖြစ်ပြီး ကချင်ပြည်နယ်နဲ့ ပဲခူးတိုင်းက (၁၆) ဦးစီနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တယ်လို့ AAPP အသင်းကထုတ်ပြန်ပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ မနက်အစောပိုင်း ၁ နာရီဝန်းကျင် ကလည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာတွေကိုစစ်အုပ်စုက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ငပိအိုးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး  ပြည်သူ ၄ ဦး ဗုံးစထိမှန် သေဆုံးခဲ့ပါတယ်။

- BAGAN NEWS 



Comments