Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်း ဂေါင်းဦးဘာရပ်ကွက်ကို ဒီကနေ့မနက်မှာ စစ်တပ်က လေကြောင်းသုံး ဗုံးကြဲခဲ့တာ​ကြောင့် လူ ၁၂ ဦးထက်မနည်းသေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အရင်လ ဇူလိုင်လအတွင်းမှာ စစ်တပ်က မိုးကုတ်မြို့ကို ဗုံး​ ၄ ကြိမ်ကြဲခဲ့လို့ အရပ်သား ၆ ဦး​သေဆုံးပြီး ၂၅ ဦးဒဏ်ရာရခဲ့​တယ်လို့ တအာင်းတပ် TNLA ကထုတ်ပြန်ထားပါတယ်။


- ရန်ကုန်တိုင်းက လူငယ်စုံတွဲတွေကို Sex Video ရိုက်ကူးပြီး အွန်လိုင်းမှာ Live လွှင့်ခဲ့တဲ့သူတွေကို လူကုန်ကူးမှုနဲ့ ထောင်ဒဏ် တစ်သက်ချမှတ်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကပြောပါတယ်။ သင်္ဃန်းကျွန်းမြိုနယ်က လူငယ်စုံတွဲနဲ့ အခြားလူငယ်စုံတွဲနှစ်တွဲကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် နဝဒေးအိမ်ရာအတွင်းက နေအိမ် တစ်အိမ်မှာ တရုတ်နိုင်ငံသားတွေက  Sex Video ရိုက်ကူးပြီး ချီထိုက် Application ကတစ်ဆင့် Live လွှင့်တင်ခဲ့ကြတာပါ။ 


- စစ်ကောင်စီဟာ စစ်မှုထမ်း အပတ်စဉ် (၁၆/၁၇) အတွက် မုံရွာမြို့ နန်ချွန်ဆိပ်ကမ်းနဲ့မုံရွာဇက်ဆိပ်တွေမှာ အရပ်ဝတ်တွေနဲ့ ကင်းထောက်လှမ်းပြီး စက်လှေတွေ ကမ်းကပ်ချိန်မှာ ပေါ်တာဆွဲဖမ်းဆီးမှုတွေပြုလုပ်နေတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီကထုတ်ပြန်ပါတယ်။ 

အနောက်ဘက်ကမ်းက အရှေ့ဘက်ကူးလာတဲ့ အမျိုးသား လူငယ်လူရွယ်တွေကို အဓိကဖမ်းဆီးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ 


- သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ စိုးရိမ်ရေမှတ်အထက် ၆  ပေကျော် လွန်နေပြီး နောက် ၂၄ နာရီအတွင်းမှာ ပေဝက်ခန့်ကျသွားနိုင်ပေမယ့် စိုးရိမ်ရေမှတ်အထက်ဆက်ရှိနေမယ်လို့ မိုး၊ဇလဌာနက ဒီကနေ့မှာ သတိပေးထုတ်ပြန်ပါတယ်။ ဘားအံမြို့မှာ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး သံလွင်မြစ်ရေတက်လာတာကြောင့် ရပ်ကွက် ၇ ခုစလုံး ရေကြီးနေပြီး ကယ်ဆယ်ရေးတွေပြုလုပ်နေရတယ်လို့ဒေသခံလူမူကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။

- ပဲခူးတိုင်း ၊ မူးမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေဘေးသင့်နေတဲ့ ကျေးရွာ ၁ဝဝ ကျော်နဲ့ လူဦးရေ ၆ သောင်းကျော်ရှိတယ်လို့ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီကထုတ်ပြန်ပါတယ်။ မနေ့ကအထိ နေအိမ် ၁၆ လုံးရေထဲမျှောခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂ ဦးရှိပြီး အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။



- Bagan News 

Comments