Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

မန္တလေး အိုးဘိုထောင်တွင် ဗုံးကျရောက်ပေါက်ကွဲပြီး အကျဉ်းသား ၂၁ ဦး သေဆုံး

 မန္တလေး အိုးဘိုအကျဉ်းထောင်ရှိ အမျိုးသားဆောင်‌အပေါ်ကို Drop Bone နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အကျဉ်းသား ၂၁ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ကယနေ့ထုတ်ပြန်သည်။ 


ဩဂုတ်လ (၈)ရက်နေ့၊ နံနက် ၁ဝ နာရီအချိန်တွင်  ဗုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ၁၇ ဦး၊ အခြားအကျဉ်းသား ၄ ဦး စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရှိသူ အနည်းဆုံး ၁ဝ ဦးအထိ ရှိခဲ့ကြောင်း PPNM ကထုတ်ပြန်သည်။ 

အိုးဘိုအကျဉ်းထောင်သည် အာဏာသိမ်းစစ်တပ်မှထိန်းချုပ်ထားသည့် အကျဉ်းထောင်ဖြစ်ပြီး Drop Bone ကြဲချခဲ့သောအဖွဲ့အား ဆက်လက်စုံစမ်းနေပြီး ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။ 

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများမှာ 

(၁) ပုဒ်မ- ၅၀(ည)ဖြင့် ဖမ်းဆီးခံထားရသည့် အသက်(၃၆)နှစ်အရွယ် ကိုတင်လင်းထွန်း ။

(၂ ) ပုဒ်မ -၅၂(က)/ ၅၁(ဂ) ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက်(၂၆)နှစ်အရွယ် ကိုသန်းနိုင် ။

(၃ ) ပုဒ်မ- ၅၀၅-က ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့်အသက်(၃၁)နှစ်အရွယ် ကိုကျော်သီဟ။

(၄ ) ပုဒ်မ-၅၂(က)/၅၀(ည)ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့်အသက်(၂၄)နှစ်အရွယ် ကိုရှိင်းဇော် ။

(၅ )ပုဒ်မ-၅၀(ည)ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့်အသက်(၂၆)နှစ်အရွယ် ကိုခန့်ဖြိုးအောင်။

(၆)ပုဒ်မ-၅၀(ည)ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့်အသက်(၂၉)နှစ်အရွယ် ကိုကျော်ဇင်တိုး။ 

(၇)ပုဒ်မ-၅၀၅-က ဖြင့်  ဖမ်းဆီးအကျဉ်းချခံထားရသည့် ကိုအောင်ကိုဝင်း။

(၈)ပုဒ်မ-၅၀(ည)ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက်(၃၀)အရွယ် ကိုဌေးလင်းအောင်။

(၉) ပုဒ်မ-၅၂(က)/၅၁(ဂ)/၂၉ တို့ဖြင့်ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက်(၃၉)နှစ်အရွယ် ကိုဝေယံ ။

(၁၀ ) ပုဒ်မ-၅၀၅-က ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက်(၂၁)နှစ်အရွယ် ကိုရဲရင့်။

(၁၁) ပုဒ်မ-၅၀(ည) ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက်(၂၈)နှစ်အရွယ် ကိုသူရနေမင်း။  

(၁၂)ပုဒ်မ-၄၉/၅၂(က) တို့ဖြင့်  ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက်(၃၂)နှစ်အရွယ် ကိုသက်မျိုး။

(၁၃) ပုဒ်မ-၅၂(က)/၅၂(ဂ) တိုဖြင့်ဖမ်းဆီးအကျဉ်းချခံထားရသည့်  အသက်(၃၇)နှစ်အရွယ် ကိုဗိုလ်ဝင်း။

(၁၄) ပုဒ်မ-၅၀(ည)ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက်(၃၇)နှစ်အရွယ် ကိုအောင်ကောင်းထက်။

(၁၅) ပုဒ်မ-၅၂(က)ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့်အသက်(၂၃)နှစ်အရွယ်  ကိုဖုန်းထက်။

(၁၆) ပုဒ်မ-၅၂(က)/၅၀(ည) တို့ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက်(၂၈)နှစ်အရွယ် ကိုကျော်မြတ်သူ။

(၁၇) ပုဒ်မ-၅၀(ည)/၅၁(ဂ) တို့ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက်(၃၄)နှစ်အရွယ် ကိုကျော်ကျော်လင်းတို့ဖြစ်ကြောင်း PPNM ကယနေ့ထုတ်ပြန်သည်။

အခြားသေဆုံး အကျဉ်းသား ၄ ဦး ၏ အချက်အလက်များကို စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

- Bagan News 

Comments