Skip to main content

Latest News

မေ ၁၃ ရက်ဝန်းကျင်ကစပြီး မြန်မာမှာ မိုးရာသီစမယ်

 မိုးရာသီဖြစ်စေသည့် အနောက်တောင်မုတ်သုံလေသည် မေလ ၁၃ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့စတင်ဝင်ရောက်မည်ဖြစ်ကြောင်း မိုး ၊ ဇလဌာနကထုတ်ပြန်သည်။  မေလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများ ၊ မေလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ မေလ ၃၁ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများသို့ လည်းကောင်း အသီးသီး၀င်ရောက်နိုင်သည်။  မေလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်၀န်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ၊ မေလအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်။  မေလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ က...

မန္တလေး အိုးဘိုထောင်တွင် ဗုံးကျရောက်ပေါက်ကွဲပြီး အကျဉ်းသား ၂၁ ဦး သေဆုံး

 မန္တလေး အိုးဘိုအကျဉ်းထောင်ရှိ အမျိုးသားဆောင်‌အပေါ်ကို Drop Bone နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အကျဉ်းသား ၂၁ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ကယနေ့ထုတ်ပြန်သည်။ 


ဩဂုတ်လ (၈)ရက်နေ့၊ နံနက် ၁ဝ နာရီအချိန်တွင်  ဗုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ၁၇ ဦး၊ အခြားအကျဉ်းသား ၄ ဦး စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရှိသူ အနည်းဆုံး ၁ဝ ဦးအထိ ရှိခဲ့ကြောင်း PPNM ကထုတ်ပြန်သည်။ 

အိုးဘိုအကျဉ်းထောင်သည် အာဏာသိမ်းစစ်တပ်မှထိန်းချုပ်ထားသည့် အကျဉ်းထောင်ဖြစ်ပြီး Drop Bone ကြဲချခဲ့သောအဖွဲ့အား ဆက်လက်စုံစမ်းနေပြီး ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။ 

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများမှာ 

(၁) ပုဒ်မ- ၅၀(ည)ဖြင့် ဖမ်းဆီးခံထားရသည့် အသက်(၃၆)နှစ်အရွယ် ကိုတင်လင်းထွန်း ။

(၂ ) ပုဒ်မ -၅၂(က)/ ၅၁(ဂ) ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက်(၂၆)နှစ်အရွယ် ကိုသန်းနိုင် ။

(၃ ) ပုဒ်မ- ၅၀၅-က ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့်အသက်(၃၁)နှစ်အရွယ် ကိုကျော်သီဟ။

(၄ ) ပုဒ်မ-၅၂(က)/၅၀(ည)ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့်အသက်(၂၄)နှစ်အရွယ် ကိုရှိင်းဇော် ။

(၅ )ပုဒ်မ-၅၀(ည)ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့်အသက်(၂၆)နှစ်အရွယ် ကိုခန့်ဖြိုးအောင်။

(၆)ပုဒ်မ-၅၀(ည)ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့်အသက်(၂၉)နှစ်အရွယ် ကိုကျော်ဇင်တိုး။ 

(၇)ပုဒ်မ-၅၀၅-က ဖြင့်  ဖမ်းဆီးအကျဉ်းချခံထားရသည့် ကိုအောင်ကိုဝင်း။

(၈)ပုဒ်မ-၅၀(ည)ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက်(၃၀)အရွယ် ကိုဌေးလင်းအောင်။

(၉) ပုဒ်မ-၅၂(က)/၅၁(ဂ)/၂၉ တို့ဖြင့်ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက်(၃၉)နှစ်အရွယ် ကိုဝေယံ ။

(၁၀ ) ပုဒ်မ-၅၀၅-က ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက်(၂၁)နှစ်အရွယ် ကိုရဲရင့်။

(၁၁) ပုဒ်မ-၅၀(ည) ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက်(၂၈)နှစ်အရွယ် ကိုသူရနေမင်း။  

(၁၂)ပုဒ်မ-၄၉/၅၂(က) တို့ဖြင့်  ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက်(၃၂)နှစ်အရွယ် ကိုသက်မျိုး။

(၁၃) ပုဒ်မ-၅၂(က)/၅၂(ဂ) တိုဖြင့်ဖမ်းဆီးအကျဉ်းချခံထားရသည့်  အသက်(၃၇)နှစ်အရွယ် ကိုဗိုလ်ဝင်း။

(၁၄) ပုဒ်မ-၅၀(ည)ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက်(၃၇)နှစ်အရွယ် ကိုအောင်ကောင်းထက်။

(၁၅) ပုဒ်မ-၅၂(က)ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့်အသက်(၂၃)နှစ်အရွယ်  ကိုဖုန်းထက်။

(၁၆) ပုဒ်မ-၅၂(က)/၅၀(ည) တို့ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက်(၂၈)နှစ်အရွယ် ကိုကျော်မြတ်သူ။

(၁၇) ပုဒ်မ-၅၀(ည)/၅၁(ဂ) တို့ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက်(၃၄)နှစ်အရွယ် ကိုကျော်ကျော်လင်းတို့ဖြစ်ကြောင်း PPNM ကယနေ့ထုတ်ပြန်သည်။

အခြားသေဆုံး အကျဉ်းသား ၄ ဦး ၏ အချက်အလက်များကို စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

- Bagan News 

Comments