မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။ အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။ မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...
မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်း ဂေါင်းဦးဘာရပ်ကွက်ကို ဒီကနေ့မနက် ၈ နာရီကျော်မှာ စစ်တပ်က လေကြောင်းသုံး ဗုံးကြဲခဲ့တာကြောင့် လူ ၁၂ ဦးသေခဲ့တယ်လို့ တအာင်းတပ် TNLA ကထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင်(၂၅ဝ)ဗုံး (၂)လုံး ဗုံးကြဲချ တိုက်ခိုက်တာကြောင့် အရပ်သား (၁၂)ဦးသေဆုံးခဲ့တဲ့အပြင် (၁၄)ဦး ထိမှန်ဒဏ်ရာခဲ့တယ်လို့သိရပါတယ်။
ဗုံးထိမှန်ခြင်းကြောင့် သံဃာတော် (၁)ပါး၊ ကလေး(၁)ဦးနဲ့ အမျိုးသား (၁ဝ)ဦးသေဆုံးခဲ့တာပါ။ ဒါ့ပြင် နေအိမ် (၁ဝ)အိမ်၊ ကား (၃)စီးနဲ့ ဆိုင်ကယ် (၃)စီးလည်း ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့ကို ဇူလိုင်လ တစ်လအတွင်းမှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံး(၅)ကြိမ် ကြဲချတိုက်ခိုက်ခဲ့ပြီး အရပ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။

Comments
Post a Comment