Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ယာယီသမ္မတဟောင်း ဦးမြင့်ဆွေ ကွယ်လွန်

စစ်ကောင်စီကခန့်အပ်ခဲ့ဖူးသည့် ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့ ဩဂုတ်လ ၇ ရက်နေ့ နံနက် ၈ နာရီ ၂၈ မိနစ်တွင် ကွယ်လွန်ခဲ့ကြောင်း စစ်ကော်မရှင်(စစ်ကောင်စီ) သတင်းထုတ်ပြန်ရေးအဖွဲ့ကယနေ့ ကြေညာသည်။ 


ဦးမြင့်ဆွေသည် အမှတ်(၂) တပ်မတော်ဆေးရုံ ခုတင် (၁ဝဝဝ) ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဦးမြင့်ဆွေ၏ ဈာပနကို နိုင်ငံတော်ဈာပနအဆင့်ပြုလုပ်မည်ဖြစ်ကြောင်း စစ်ကော်မရှင်ကထုတ်ပြန်သည်။ 

ဦးမြင့်ဆွေသည် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး  ၂ဝဝ၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးတွင် ရန်ကုန်မြို့၌ သံဃာတော်များအား သွေးထွက်သံယိုဖြိုခွင်းခဲ့သူအဖြစ် နာမည်ဆိုးထွက်ခဲ့သည်။ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုတွင် ဦးမြင့်ဆွေသည် ယာယီသမ္မတအဖြစ် ပါဝင်ခဲ့သည်။ 

၂ဝ၂၄ ခုနှစ် ဇူလိူင်လ ၁၈  ရက်နေ့တွင် ယာယီ သမ္မတ ဦးမြင့်ဆွေသည် ခန္ဓာကိုယ် လှုပ်ရှားမရတော့၍ ဆေးကုသမှု ခံယူနေရသည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီး ဦးမြင့်ဆွေကို ယာယီသမ္မတ ရာထူးမှ အနားပေးကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ကိုယ်သူ ယာယီသမ္မတအဖြစ် ခန့်အပ်ခဲ့သည်။

ထို့နောက် ယမန်နေ့ ဩဂုတ်လ ၆ ရက်နေ့တွင် စစ်ကော်မရှင် သတင်းထုတ်ပြန်ရေးအဖွဲ့က ဦးမြင့်ဆွေ၏ ကျန်းမာရေး အခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာ အခြေအနေရှိနေကြောင်း ထုတ်ပြန်ပြီးနောက် ယနေ့နံနက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဦးမြင့်ဆွေသည် အာရုံကြောရောဂါဖြင့် အသက် ၇၄ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

- Bagan News

Comments