Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မူးမြို့နဲ့ ကျောက်ကြီးတိုက်ပွဲတွေမှာ စစ်ကောင်စီသုံ့ပန်း ၂၆ ဦးဖမ်းမိ

 ပဲခူးတိုင်း ၊ ညောင်လေးပင်ခရိုင် မူးမြို့နဲ့ ကျောက်ကြီးမြို့နယ်(လယ်တို) တိုက်ပွဲတွေမှာ စစ်ကောင်စီသုံ့ပန်း ၂၆ ဦးဖမ်းမိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ကထုတ်ပြန်ပါတယ်။ 


မူးမြို့နယ် တောင်စုကျေးရွာမှာ စစ်ကြောင်းထိုး အထိုင်ချခဲ့တဲ့ စစ်ကောင်စီတပ်တွေကို ပြီးခဲ့တဲ့ ဇွန်လ (၂၅) ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။ တိုက်ပွဲမှာ လက်နက်ခဲယမ်းအများအပြားနဲ့ စစ်သုံ့ပန်း(၂၃)ဦးကို ဖမ်းမိခဲ့ပါတယ်။

တချိန်ထဲမှာပဲ ကျောက်ကြီးမြို့နယ် မြေတော်ဝိကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ လက်နက်ခဲယမ်းအများအပြားနဲ့ စစ်သုံ့ပန်း(၃)ဦးကို ဖမ်းမိခဲ့တယ်လို့ KNU ကပြောပါတယ်။ 

တိုက်ပွဲတွင်းမှာ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်း(၂၆)ဦးကို စစ်စည်းကမ်းဥပဒေနဲ့ အညီတပ်ရင်း(၉)ထံမှာ ထိန်းသိမ်းထားပြီး အိမ်ပြန်လိုသူများတွေကို ပြန်လည်ပို့ဆောင်ပေးမယ်လို့ ထုတ်ပြန်ပါတယ်။

လုံခြုံရေးအရပြန်လို့ရသူတွေ မပြန်လိုသူတွေကိုတော့ အလုပ်အကိုင်ရှာဖွေပေးပြီး ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့  KNU ကဆိုပါတယ်။ 

စစ်သုံ့ပန်း အများစုဟာ မတရားစစ်မူထမ်း ခံရသူတွေဖြစ်ကြပြီး အချို့ကတော့ စစ်မှုမထမ်းလိုတော့သက်တမ်းပြည့် စစ်သားတွေ ပါဝင်တယ်လို့ ထုတ်ပြန်ပါတယ်။ 

ဓာတ်ပုံ- ကေအဲန်ယူက ဖမ်းမိထားတဲ့ စစ်သုံ့ပန်းများ။

- Bagan News 


Comments