Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

"အညာက မြေအောက်စာသင်ကျောင်းလေး"

 


အညာဒေသကို  စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတာတွေ မကြာခဏပြုလုပ်နေတာကြောင့် ပြည်သူတွေနဲ့ ကလေးငယ်တွေ ထိခိုက်သေဆုံးနေပါတယ်။  
ပြီးခဲ့တဲ့ မေလ(၁၂)ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် စာသင်နေကြတဲ့ ကျောင်းသားကျောင်းသူ ကလေးငယ် ၂၂ ဦးနဲ့ ဆရာမ ၂ ဦး စုစုပေါင်း ၂၄ ဦး သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ကျောင်းသားကျောင်းသူကလေးငယ် အများအပြား ဒဏ်ရာရခဲ့ပါတယ်။ 


ဒီလို စစ်ကောင်စီက စာသင်ကျောင်းပါမကျန် စစ်ကောင်စီကဗုံးကြဲနေတာကြောင့် ကလေးငယ်တွေရဲ့ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးခဲ့ပါတယ်။ အညာဒေသမှာ ကလေးငယ်တွေ ပညာသင်ကြားခွင့်ရရေးနဲ့ လေကြောင်းရန်ကာကွယ်ဖို့အတွက် စာသင်ကျောင်းတွေကို မြေအောက်မှာ စတင်ဖွင့်လှစ်နေပါတယ်။
ဒီတစ်ပတ် Bagan News ရဲ့ အညာအသံ အစီအစဉ်မှာတော့ အညာဒေသက မြေအောက်စာသင်ကျောင်းတွေအကြောင်း ကိုပြောပြပေးပါမယ်။ 


Comments