မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။ အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။ မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...
အညာဒေသကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတာတွေ မကြာခဏပြုလုပ်နေတာကြောင့် ပြည်သူတွေနဲ့ ကလေးငယ်တွေ ထိခိုက်သေဆုံးနေပါတယ်။
ပြီးခဲ့တဲ့ မေလ(၁၂)ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် စာသင်နေကြတဲ့ ကျောင်းသားကျောင်းသူ ကလေးငယ် ၂၂ ဦးနဲ့ ဆရာမ ၂ ဦး စုစုပေါင်း ၂၄ ဦး သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် ကျောင်းသားကျောင်းသူကလေးငယ် အများအပြား ဒဏ်ရာရခဲ့ပါတယ်။
ဒီလို စစ်ကောင်စီက စာသင်ကျောင်းပါမကျန် စစ်ကောင်စီကဗုံးကြဲနေတာကြောင့် ကလေးငယ်တွေရဲ့ ပညာသင်ကြားခွင့်တွေ ဆုံးရှုံးခဲ့ပါတယ်။ အညာဒေသမှာ ကလေးငယ်တွေ ပညာသင်ကြားခွင့်ရရေးနဲ့ လေကြောင်းရန်ကာကွယ်ဖို့အတွက် စာသင်ကျောင်းတွေကို မြေအောက်မှာ စတင်ဖွင့်လှစ်နေပါတယ်။
ဒီတစ်ပတ် Bagan News ရဲ့ အညာအသံ အစီအစဉ်မှာတော့ အညာဒေသက မြေအောက်စာသင်ကျောင်းတွေအကြောင်း ကိုပြောပြပေးပါမယ်။

Comments
Post a Comment