Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

"တော်လှန်ရေးမှာ အမျိုးသမီးတွေ လုပ်နိုင်တာလုပ်ပေးပါ"

၂ဝ၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးဟာ ဒီကနေ့မှာတော့ ၄ နှစ်ကျော်လို့ ၅ နှစ်ခရီးထဲ ရောက်ရှိလာပါပြီ။ နွေဦးတော်လှန်ရေးမှာ ရှေ့ဆုံးကနေ ပါဝင်ခဲ့ကြတာကတော့ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လုပ်ခဲ့ကြတဲ့ သူတွေပါ။ နွေဦးတော်လှန်ရေးမှာ PDF တပ်သားတွေက ရှေ့တန်းမှာ လက်နက်ကိုင်တော်လှန်နေကြလိုပဲ CDM သမားတွေကတော့ နွေဦးတော်လှန်ရေးရဲ့ နောက်တန်းမှာ နေရာယူထားကြတုန်းပါ။ CDM လူပ်ရှားမှုမှာ အမျိုးသားတွေနည်းတူ အမျိုးသမီးတွေကလည်း ရှေ့ဆုံးကနေ မားမားမတ်မတ် နဲ့ပါဝင်ခဲ့ကြပါတယ်။ ဒီထဲမှာ စစ်တပ်အာဏာသိမ်းပြီး နောက်တရက်မှာပဲ CDM လုပ်ခဲ့တဲ့ ဒေါ်ရတီအုန်း လည်းပါဝင်ပါတယ်။ ဒေါ်ရတီအုန်း ဟာ စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ၊ အစိုးရနည်းပညာ အထက်တန်းကျောင်း ၊ မော်တော်ယာဉ် နည်းပညာဌာနမှာ ကထိက ၊ ဌာနမှူး တာဝန်ထမ်းဆောင်ရင်း စာသင်ကြားပေးခဲ့သူပါ။ လက်ရှိမှာ အမျိုးသမီး တစ်ယောက်အနေနဲ့ Mobile Medical Team ကိုဦးဆောင်နေသလို NUG ရဲ့ကြားကာလပညာသင်ကြားရေးမှာ ပါဝင်ပြီး စာသင်ကျောင်းတွေမှာ လေကြောင်းရန်ကာကွယ်ရေးလည်းဆောင်ရွက်ပေးနေသူပါ။ CDM အမျိုးသမီး တစ်ယောက်အနေနဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ Mobile Medical Team-West Division တာဝန်ခံ ဒေါ်ရတီအုန်းကို Bagan News ရဲ့ အညာအသံ Podcast က ဆက်သွယ်မေးမြန်းထားပါတယ်။



Comments