Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

"တော်လှန်ရေးမှာ အမျိုးသမီးတွေ လုပ်နိုင်တာလုပ်ပေးပါ"

၂ဝ၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးဟာ ဒီကနေ့မှာတော့ ၄ နှစ်ကျော်လို့ ၅ နှစ်ခရီးထဲ ရောက်ရှိလာပါပြီ။ နွေဦးတော်လှန်ရေးမှာ ရှေ့ဆုံးကနေ ပါဝင်ခဲ့ကြတာကတော့ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လုပ်ခဲ့ကြတဲ့ သူတွေပါ။ နွေဦးတော်လှန်ရေးမှာ PDF တပ်သားတွေက ရှေ့တန်းမှာ လက်နက်ကိုင်တော်လှန်နေကြလိုပဲ CDM သမားတွေကတော့ နွေဦးတော်လှန်ရေးရဲ့ နောက်တန်းမှာ နေရာယူထားကြတုန်းပါ။ CDM လူပ်ရှားမှုမှာ အမျိုးသားတွေနည်းတူ အမျိုးသမီးတွေကလည်း ရှေ့ဆုံးကနေ မားမားမတ်မတ် နဲ့ပါဝင်ခဲ့ကြပါတယ်။ ဒီထဲမှာ စစ်တပ်အာဏာသိမ်းပြီး နောက်တရက်မှာပဲ CDM လုပ်ခဲ့တဲ့ ဒေါ်ရတီအုန်း လည်းပါဝင်ပါတယ်။ ဒေါ်ရတီအုန်း ဟာ စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ၊ အစိုးရနည်းပညာ အထက်တန်းကျောင်း ၊ မော်တော်ယာဉ် နည်းပညာဌာနမှာ ကထိက ၊ ဌာနမှူး တာဝန်ထမ်းဆောင်ရင်း စာသင်ကြားပေးခဲ့သူပါ။ လက်ရှိမှာ အမျိုးသမီး တစ်ယောက်အနေနဲ့ Mobile Medical Team ကိုဦးဆောင်နေသလို NUG ရဲ့ကြားကာလပညာသင်ကြားရေးမှာ ပါဝင်ပြီး စာသင်ကျောင်းတွေမှာ လေကြောင်းရန်ကာကွယ်ရေးလည်းဆောင်ရွက်ပေးနေသူပါ။ CDM အမျိုးသမီး တစ်ယောက်အနေနဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ Mobile Medical Team-West Division တာဝန်ခံ ဒေါ်ရတီအုန်းကို Bagan News ရဲ့ အညာအသံ Podcast က ဆက်သွယ်မေးမြန်းထားပါတယ်။



Comments