Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

"သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးနိုင်ချေ နံပတ် ၁ ချိတ်တယ်"

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပိုင်က နှစ်ကြီးအကျဉ်းသားတွေနဲ့ ပူးပေါင်းပြီး အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ကဒီကနေ့မှာထုတ်ပြန်ပါတယ်။ 


သာယာဝတီထောင် သီးသန့် (က/ခ)တိုက်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ကြီးကျနေတဲ့အကျဉ်းသား ပြူးကြီးဆိုသူက အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ 

အကျဉ်းသားပြူးကြီးဟာ  ၂ဝ၂၄ ခုနှစ်အတွင်း သီးသန့်တိုက်က LGBT နိုင်ငံရေးအကျဉ်းသား ကိုရဲရင့်ကိုခေါ် ရဲရဲကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ဖို့ ကြိုးပမ်းခဲ့ပြီး ခေါင်းကွဲတဲ့ အထိရိုက်နှက်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။ 

သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လိုအသက်အန္တရာယ်ခြိမ်းခြောက်မှုကြုံနေရသလဲဆိုတာကို နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦးကို Bagan News ကဆက်သွယ်မေးမြန်းထားပါတယ်။ 



Comments