မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။ အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။ မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...
- ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့ကစပြီး နေပြည်တော်ကနေ စတင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ရက်ရှည်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၇ဝ ခန့်သေဆုံးခဲ့တယ်လို့ Battalion 804 - Nay Pyi Taw PDF ကထုတ်ပြန်ပါတယ်။
- ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် (လယ်ဒိုမြို့နယ်)ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှု အကြိမ် ၂ဝ ထပ်မနည်း ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက KNU ထုတ်ပြန်ပါတယ်။
- မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊အင်တောအုပ်စိုကို စစ်ကောင်စီက တိုက်ခိုက်ခဲ့တာကြောင်း
အရပ်သား ၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေနံချောင်း PDF ကထုတ်ပြန်ပါတယ်။
- ဒီကနေ့ မနက်တိုင်းတာချက်အရ မိုးကောင်း တောင်ငူ ဘားအံ ဟုမ္မလင်း ဖောင်းပြင်မြို့တွေမှာရေကြီးနိုင်တယ်လို့ မိုး၊ဇလဌာနကထုတ်ပြန်ပါတယ်။
Comments
Post a Comment