Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

နေပြည်တော်စစ်ကြောင်းကို PDF တိုက်ခိုက် စစ်သား ၇ဝ ခန့်သေဆုံး

- ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့ကစပြီး နေပြည်တော်ကနေ စတင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ရက်ရှည်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၇ဝ ခန့်သေဆုံးခဲ့တယ်လို့ Battalion 804 - Nay Pyi Taw PDF ကထုတ်ပြန်ပါတယ်။ 

- ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် (လယ်ဒိုမြို့နယ်)ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှု အကြိမ် ၂ဝ ထပ်မနည်း ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက KNU ထုတ်ပြန်ပါတယ်။ 

- မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊အင်တောအုပ်စိုကို စစ်ကောင်စီက တိုက်ခိုက်ခဲ့တာကြောင်း

အရပ်သား ၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေနံချောင်း PDF ကထုတ်ပြန်ပါတယ်။ 

- ဒီကနေ့ မနက်တိုင်းတာချက်အရ မိုးကောင်း တောင်ငူ ဘားအံ  ဟုမ္မလင်း ဖောင်းပြင်မြို့တွေမှာရေကြီးနိုင်တယ်လို့ မိုး၊ဇလဌာနကထုတ်ပြန်ပါတယ်။



Comments