Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

"တော်လှန်ရေးပြီးရင် လူငယ်တွေရဲ့ ပညာရေးကို ဦးစားပေးမယ်"

အညာပစ်တိုင်းထောင်လေးများအဖွဲ့ဦးဆောင်သူ မဖူးပွင့်ဝေနဲ့မေးမြန်းခြင်း။

၂ဝ၂၁ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ လူငယ်တွေဟာ အင်တိုက်အားတိုက်နဲ့ လမ်းပေါ်ထွက်ပြီးအာဏာသိမ်းတာကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

စစ်တပ်ရဲ့ဖမ်းဆီးပစ်ခတ်တာတွေ လုပ်လာတဲ့နောက်မှာတော့ လူငယ်တွေဟာ တိုင်းရင်းသားနယ်မြေတွေသွားရောက်ပြီး လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီထဲမှာ အမျိုးသမီးလူငယ်တွေဟာလည်း အမျိုးသားတွေနဲ့တန်းတူပါဝင်ခဲ့ကြပါတယ်။


စစ်ကိုင်းတိုင်း အညာဒေသ ဆားလင်းကြီးမြို့နယ်က နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသူ မဖူးပွင့်ဝေဟာလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့ပါတယ်။ စစ်တပ်ရဲ့ ပစ်ခတ်ဖမ်းဆီးရက်စက်မှုတွေကို မြင်လာတဲ့အခါမှာ လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရှေ့တန်းမှာ စစ်တိုက်ဖို့ အမျိုးသမီးတွေ အခွင့်အလမ်းနည်းပါးတာကြောင့် သပိတ်တိုက်ပွဲတွေကို ပြန်အသက်သွင်းခဲ့ပြီး စိတ်တူညီတဲ့ သူငယ်ချင်းတွေနဲ့ ၂၀၂၂ ခုနှစ်မှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ အညာဒေသမှာ ဘယ်လိုကူညီမှုတွေလုပ်နေသလဲ။

အမျိုးသမီးလူငယ်တစ်ယောက်အနေနဲ့ တော်လှန်ရေးမှာ ဘယ်လိုဖြတ်သန်းနေသလဲဆိုတာ

နဲ့ပတ်သက်ပြီး မဖူးပွင့်ဝေကို ဒီတပတ် အညာအသံပေါ့ကက်စ် အစီအစဉ်က ဆက်သွယ်မေးမြန်းထားပါတယ်။ 


- Bagan News 

Comments