Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

"အသက်ရှင်ကျန်နေရက်နဲ့ ဘာလို့အရှုံးပေးမှာလဲ"

 


"အသက်ရှင်ကျန်နေရက်နဲ့ ဘာလို့အရှုံးပေးမှာလဲ"

ဝေဟင်ဒရုန်း အမျိုးသမီး စစ်သည်တော်(သို့) ကျားခင်စိန်။

မန္တလေး တက္ကသိုလ်ကျောင်းသူဖြစ်ခဲ့ဖူးတဲ့ ကျားခင်စိန်ဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့နောက်ပိုင်းမှာ တော်လှန်ရေးထဲကိုဝင်ရောက်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အခြေစိုက်တပ်ဖွဲ့တစ်ခုမှာ စစ်သင်တန်းတက်ရောက်ခဲ့ပါတယ်။ ဒရုန်းတိုက်ခိုက်ရေးပညာတွေသင်ခဲ့ပြီး အမျိုးသမီး ဒရုန်းတပ်ဖွဲ့ကိုဦးဆောင်ခဲ့ပါတယ်။ 

မန္တလေး - မုံရွာ လမ်းတလျှောက်မှာ စစ်အုပ်စုကို ဒရုန်းသုံးပြီး လက်စွမ်းပြ တိုက်ခိုက်ခဲ့သူအဖြစ် ကျားခင်းစိန်ဟာ လူသိများခဲ့ပါတယ်။  အဲ့ဒီနောက်မှာတော့  မြောင်ဒရုန်းတပ်ဖွဲ့ MDF ကို ၂ဝ၂၃ ခုနှစ်မှာ ထပ်မံတည်ထောင် ဦးဆောင်ပြီး တော်လှန်ရေးမှာဆက်လက်ပါဝင်နေပါတယ်။

ကျားခင်စိန် ဦးဆောင်တဲ့ MDF ဒရုန်း အဖွဲ့ဟာ မြောင်မြို့မှာ အခြေစိုက်ပီး တော်လှန်ရေး အောင်မြင်ရေးအတွက် ကြိုးစားနေတဲ့အဖွဲ့ဖြစ်ပါတယ်။ တိုက်ပွဲ Mission တွေကိုမဟာမိတ်အဖွဲ့တွေလည်း ပူးပေါင်းဆောင်ရွက်နေပြီး စစ်ကြောင်းဖြတ်တောက်ရေးနဲ့ စခန်းသိမ်းပွဲတွေအထိ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေကို ပိုမိုတိုက်ခိုင်နိုင်ဖို့ Hazard drone ဝယ်ယူဖို့အကူအညီလိုနေတယ်လို့ MDF ဒရုန်း တပ်ဖွဲ့ခေါင်းဆောင် ကျားခင်စိန်ကပြောပါတယ်။

တော်လှန်ရေးရဲဘော်အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး MDF ဒရုန်းတပ်ဖွဲ့ဦးဆောင်နေသူ ကျားခင်စိန်ရဲ့တော်လှန်ရေးအပေါ်ယုံကြည်ချက် ၊ အမျိုးသမီးတယောက်ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ခံယူချက်တွေကို Bagan News - အညာအသံအစီအစဉ်ကဆက်သွယ်မေးမြန်းထားပါတယ်။



Comments