မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။ အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။ မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...
အောက်တိုဘာလ ၆ ရက်နေ့ ၊သီတင်းကျွတ်လပြည့်ညမှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ချောင်းဦးမြို့နယ်အစပ် ဘုံတိုရွာ မူလတန်းကျောင်းမှာ ကျင်းပနေတဲ့ ဆီမီးသပိတ်ကို စစ်တပ်က လေကြောင်းက ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် ခုချိန်ထိ ၂၄ ဦးသေဆုံးခဲ့ပြီး ၄၀ ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။ စစ်တပ် ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေကို ဒေသခံ အရပ်ဖက်အဖွဲ့တွေက အရေးပေါ် ကူညီမှုတွေ ပြုလုပ်ပေးနေကြပါတယ်။
စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်ကလည်း ချောင်းဦး ဆီမီးသပိတ်မှာ ထိခိုက်ခဲ့တဲ့ပြည်သူတွေကို ဆေးဝါးနဲ့ရိက္ခာ တန်ဖို့ ကျပ် ၂၂၅ သိန်းကျော်မျှဝေထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ ချောင်းဦး ဆီမီးသပိတ်မှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေလတ်တလော အခြေအနေဘယ်လိုရှိပါသလဲ ။ သူတို့ကိုဘာတွေ ကူညီမှုပေးနေသလဲ။
အညာဒေသရဲ့လူထုသပိတ်တွေမှာ လေကြောင်းရန် ဘယ်လိုကာကွယ်မဲ စတာတွေနဲ့ပတ်သက်ပြီး စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက် လုပ်ငန်းကော်မတီဝင်တစ်ဦးလည်းဖြစ် ၊ ကွန်ရက်ရဲ့ ယင်းမာပင်မြို့နယ် ဆက်သွယ်ရမယ့်သူ(focal person)လည်းဖြစ်တဲ့ ကိုသက်ဦးကို Bagan News ရဲ့ အညာအသံအစီအစဉ်က ဆက်သွယ်မေးမြန်းထားပါတယ်။အောက်တိုဘာလ ၆ ရက်နေ့ ၊သီတင်းကျွတ်လပြည့်ညမှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ချောင်းဦးမြို့နယ်အစပ် ဘုံတိုရွာ မူလတန်းကျောင်းမှာ ကျင်းပနေတဲ့ ဆီမီးသပိတ်ကို စစ်တပ်က လေကြောင်းက ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် ခုချိန်ထိ ၂၄ ဦးသေဆုံးခဲ့ပြီး ၄၀ ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။ စစ်တပ် ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေကို ဒေသခံ အရပ်ဖက်အဖွဲ့တွေက အရေးပေါ် ကူညီမှုတွေ ပြုလုပ်ပေးနေကြပါတယ်။ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်ကလည်း ချောင်းဦး ဆီမီးသပိတ်မှာ ထိခိုက်ခဲ့တဲ့ပြည်သူတွေကို ဆေးဝါးနဲ့ရိက္ခာ တန်ဖို့ ကျပ် ၂၂၅ သိန်းကျော်မျှဝေထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ ချောင်းဦး ဆီမီးသပိတ်မှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေလတ်တလော အခြေအနေဘယ်လိုရှိပါသလဲ ။ သူတို့ကိုဘာတွေ ကူညီမှုပေးနေသလဲ။ အညာဒေသရဲ့လူထုသပိတ်တွေမှာ လေကြောင်းရန် ဘယ်လိုကာကွယ်မဲ စတာတွေနဲ့ပတ်သက်ပြီး စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက် လုပ်ငန်းကော်မတီဝင်တစ်ဦးလည်းဖြစ် ၊ ကွန်ရက်ရဲ့ ယင်းမာပင်မြို့နယ် ဆက်သွယ်ရမယ့်သူ(focal person)လည်းဖြစ်တဲ့ ကိုသက်ဦးကို Bagan News ရဲ့ အညာအသံအစီအစဉ်က ဆက်သွယ်မေးမြန်းထားပါတယ်။

Comments
Post a Comment