ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။ ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။ အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။ - BAGAN NEWS
အောက်တိုဘာလ ၆ ရက်နေ့ ၊သီတင်းကျွတ်လပြည့်ညမှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ချောင်းဦးမြို့နယ်အစပ် ဘုံတိုရွာ မူလတန်းကျောင်းမှာ ကျင်းပနေတဲ့ ဆီမီးသပိတ်ကို စစ်တပ်က လေကြောင်းက ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် ခုချိန်ထိ ၂၄ ဦးသေဆုံးခဲ့ပြီး ၄၀ ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။ စစ်တပ် ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေကို ဒေသခံ အရပ်ဖက်အဖွဲ့တွေက အရေးပေါ် ကူညီမှုတွေ ပြုလုပ်ပေးနေကြပါတယ်။
စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်ကလည်း ချောင်းဦး ဆီမီးသပိတ်မှာ ထိခိုက်ခဲ့တဲ့ပြည်သူတွေကို ဆေးဝါးနဲ့ရိက္ခာ တန်ဖို့ ကျပ် ၂၂၅ သိန်းကျော်မျှဝေထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ ချောင်းဦး ဆီမီးသပိတ်မှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေလတ်တလော အခြေအနေဘယ်လိုရှိပါသလဲ ။ သူတို့ကိုဘာတွေ ကူညီမှုပေးနေသလဲ။
အညာဒေသရဲ့လူထုသပိတ်တွေမှာ လေကြောင်းရန် ဘယ်လိုကာကွယ်မဲ စတာတွေနဲ့ပတ်သက်ပြီး စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက် လုပ်ငန်းကော်မတီဝင်တစ်ဦးလည်းဖြစ် ၊ ကွန်ရက်ရဲ့ ယင်းမာပင်မြို့နယ် ဆက်သွယ်ရမယ့်သူ(focal person)လည်းဖြစ်တဲ့ ကိုသက်ဦးကို Bagan News ရဲ့ အညာအသံအစီအစဉ်က ဆက်သွယ်မေးမြန်းထားပါတယ်။အောက်တိုဘာလ ၆ ရက်နေ့ ၊သီတင်းကျွတ်လပြည့်ညမှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ချောင်းဦးမြို့နယ်အစပ် ဘုံတိုရွာ မူလတန်းကျောင်းမှာ ကျင်းပနေတဲ့ ဆီမီးသပိတ်ကို စစ်တပ်က လေကြောင်းက ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် ခုချိန်ထိ ၂၄ ဦးသေဆုံးခဲ့ပြီး ၄၀ ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။ စစ်တပ် ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေကို ဒေသခံ အရပ်ဖက်အဖွဲ့တွေက အရေးပေါ် ကူညီမှုတွေ ပြုလုပ်ပေးနေကြပါတယ်။ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်ကလည်း ချောင်းဦး ဆီမီးသပိတ်မှာ ထိခိုက်ခဲ့တဲ့ပြည်သူတွေကို ဆေးဝါးနဲ့ရိက္ခာ တန်ဖို့ ကျပ် ၂၂၅ သိန်းကျော်မျှဝေထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ ချောင်းဦး ဆီမီးသပိတ်မှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေလတ်တလော အခြေအနေဘယ်လိုရှိပါသလဲ ။ သူတို့ကိုဘာတွေ ကူညီမှုပေးနေသလဲ။ အညာဒေသရဲ့လူထုသပိတ်တွေမှာ လေကြောင်းရန် ဘယ်လိုကာကွယ်မဲ စတာတွေနဲ့ပတ်သက်ပြီး စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက် လုပ်ငန်းကော်မတီဝင်တစ်ဦးလည်းဖြစ် ၊ ကွန်ရက်ရဲ့ ယင်းမာပင်မြို့နယ် ဆက်သွယ်ရမယ့်သူ(focal person)လည်းဖြစ်တဲ့ ကိုသက်ဦးကို Bagan News ရဲ့ အညာအသံအစီအစဉ်က ဆက်သွယ်မေးမြန်းထားပါတယ်။

Comments
Post a Comment