Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

"ဘုံတိုရွာ ဆီမီးသပိတ်မှာ ဘာဖြစ်ခဲ့တာလဲ"

 ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ ၊သီတင်းကျွတ်လပြည့်ညမှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ချောင်းဦးမြို့နယ်အစပ် ဘုံတိုရွာ မူလတန်းကျောင်းမှာ ကျင်းပနေတဲ့ ဆီမီးသပိတ်ကို စစ်တပ်က ပါရာမော်တာစက်တပ်ယာဉ်တွေသုံးပြီး လေကြောင်းက ဗုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့အထိ နောက်ဆုံးရ စာရင်းတွေအရ စစ်တပ်ဗုံးကြဲတာကြောင့် သေဆုံးသူ ၂၃ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၆၁ ဦးရှိပါတယ်။ သေဆုံးသူ ၂၃ ဦးမှာ ၁၈ နှစ်အောက်ကလေး ၅ ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရသူ ၆၁ ဦးထဲမှာ ၁၈ နှစ်အောက်ကလေး၂၈ ဦးပါဝင်တယ်လို့ သပိတ်စီစဉ်သူတွေကပြောပါတယ်။

ဘုံတိုရွာမှာ ဆီမီးသပိတ်ဘာကြောင့်လုပ်ခဲ့တာလဲ။ ဆီမီးသပိတ်ကို စစ်တပ်ကဘယ်လိုဗုံးကြဲခဲ့တာလဲ။ သပိတ်ကော်မတီဝင်တွေကရော သတင်းကြိုမရခဲ့ဘူးလား။ ရွာခံတွေကရော သတိမထားမိခဲ့ကြတာလား။ ဆီမီးသပိတ်မှာ အသက်အသေပဲ ဒဏ်ရာတွေနဲ့ လွတ်မြောက်ခဲ့သူတွေ ပါဝင်ခဲ့တဲ့ရွာခံတွေ သပိတ်စီစဉ်ခဲ့သူတွေရဲ့ ကိုယ်တွေ့အတွေ့အကြုံတွေကို ဒီတပတ် Bagan News ရဲ့ အညာအသံ အစီအစဉ်မှာ နားဆင် ကြည့်ရူရပါမယ်။

Comments