မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။ အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။ မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...
ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ ၊သီတင်းကျွတ်လပြည့်ညမှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ချောင်းဦးမြို့နယ်အစပ် ဘုံတိုရွာ မူလတန်းကျောင်းမှာ ကျင်းပနေတဲ့ ဆီမီးသပိတ်ကို စစ်တပ်က ပါရာမော်တာစက်တပ်ယာဉ်တွေသုံးပြီး လေကြောင်းက ဗုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။
အောက်တိုဘာလ ၁၇ ရက်နေ့အထိ နောက်ဆုံးရ စာရင်းတွေအရ စစ်တပ်ဗုံးကြဲတာကြောင့် သေဆုံးသူ ၂၃ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၆၁ ဦးရှိပါတယ်။ သေဆုံးသူ ၂၃ ဦးမှာ ၁၈ နှစ်အောက်ကလေး ၅ ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရသူ ၆၁ ဦးထဲမှာ ၁၈ နှစ်အောက်ကလေး၂၈ ဦးပါဝင်တယ်လို့ သပိတ်စီစဉ်သူတွေကပြောပါတယ်။
ဘုံတိုရွာမှာ ဆီမီးသပိတ်ဘာကြောင့်လုပ်ခဲ့တာလဲ။ ဆီမီးသပိတ်ကို စစ်တပ်ကဘယ်လိုဗုံးကြဲခဲ့တာလဲ။ သပိတ်ကော်မတီဝင်တွေကရော သတင်းကြိုမရခဲ့ဘူးလား။ ရွာခံတွေကရော သတိမထားမိခဲ့ကြတာလား။ ဆီမီးသပိတ်မှာ အသက်အသေပဲ ဒဏ်ရာတွေနဲ့ လွတ်မြောက်ခဲ့သူတွေ ပါဝင်ခဲ့တဲ့ရွာခံတွေ သပိတ်စီစဉ်ခဲ့သူတွေရဲ့ ကိုယ်တွေ့အတွေ့အကြုံတွေကို ဒီတပတ် Bagan News ရဲ့ အညာအသံ အစီအစဉ်မှာ နားဆင် ကြည့်ရူရပါမယ်။
Comments
Post a Comment