Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ရွှေဘို-မြစ်ကြီးနားလမ်းမှာ ခရီးသည် အမျိုးသား ၃ ဦးကို စစ်တပ်ပေါ်တာဆွဲ

 စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းရှိ စံပါယ်နံ့သာ စစ်ကာင်စီတပ်နှင့်ပျူစာထီးအထိုင်ဂိတ်၌ အံစာတုံးကားပေါ်တွင် လိုက်ပါလာသည့် ခရီးသွားအမျိုးသား(၃) ဦးအား အောက်တိုဘာလ ၁၇ ရက်တွင် စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်) မှသိရသည်။  

၎င်းအပြင် အောက်တိုဘာ ၁၆ ရက်နေ့ကလည်း ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတွင် ဆိုင်ကယ်နှင့် ခရီးသွားသည့် လင်မယားကိုဖမ်းဆီးပြီး ပစ္စည်းများခိုးယူကာ အမျိုးသမီးအား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ကြောင်း ညှင်းပန်းနှိပ်စက်ခံရပြီး ထွက်‌ပြေးလွတ်‌မြောက်ခဲ့သည့် အမျိုးသားကပြောကြားသည်။ 

ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်း အသုံးပြုသွားလာကြမည့် ခရီးသွားမိဘပြည်သူများအနေဖြင့် ကန့်ဘလူမြို့နယ် ၊ စံပါယ်နံ့သာစစ်ကာင်စီတပ်နှင့်ပျူ စောထီးအထိုင်ဂိတ်အား လုံခြုံရေးအတွက် ဖြတ်သန်းသွားလာခြင်းမပြုကြဘဲ ရှောင်ကွင်းသွားလာကြရန် ကန့်ဘလူမြို့နယ်ရှိ တော်လှန်ရေးအဖွဲ့အစည်းများကအသိပေးထားသည်။ 

ဓာတ်ပုံ - အောက်တိုဘာ ၁၆ ရက်နေ့တွင် စစ်တပ်၏ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာသည့် အမျိုးသား။

- Bagan News 


Comments