Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ရွှေဘို-မြစ်ကြီးနားလမ်းမှာ ခရီးသည် အမျိုးသား ၃ ဦးကို စစ်တပ်ပေါ်တာဆွဲ

 စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းရှိ စံပါယ်နံ့သာ စစ်ကာင်စီတပ်နှင့်ပျူစာထီးအထိုင်ဂိတ်၌ အံစာတုံးကားပေါ်တွင် လိုက်ပါလာသည့် ခရီးသွားအမျိုးသား(၃) ဦးအား အောက်တိုဘာလ ၁၇ ရက်တွင် စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်) မှသိရသည်။  

၎င်းအပြင် အောက်တိုဘာ ၁၆ ရက်နေ့ကလည်း ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတွင် ဆိုင်ကယ်နှင့် ခရီးသွားသည့် လင်မယားကိုဖမ်းဆီးပြီး ပစ္စည်းများခိုးယူကာ အမျိုးသမီးအား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ကြောင်း ညှင်းပန်းနှိပ်စက်ခံရပြီး ထွက်‌ပြေးလွတ်‌မြောက်ခဲ့သည့် အမျိုးသားကပြောကြားသည်။ 

ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်း အသုံးပြုသွားလာကြမည့် ခရီးသွားမိဘပြည်သူများအနေဖြင့် ကန့်ဘလူမြို့နယ် ၊ စံပါယ်နံ့သာစစ်ကာင်စီတပ်နှင့်ပျူ စောထီးအထိုင်ဂိတ်အား လုံခြုံရေးအတွက် ဖြတ်သန်းသွားလာခြင်းမပြုကြဘဲ ရှောင်ကွင်းသွားလာကြရန် ကန့်ဘလူမြို့နယ်ရှိ တော်လှန်ရေးအဖွဲ့အစည်းများကအသိပေးထားသည်။ 

ဓာတ်ပုံ - အောက်တိုဘာ ၁၆ ရက်နေ့တွင် စစ်တပ်၏ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာသည့် အမျိုးသား။

- Bagan News 


Comments