Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

လေထုမငြိမ်တာကြောင့် မြန်မာအလယ်ပိုင်းမှာ မိုးကြီးမယ်

 လေထုမငြိမ် မသက်တာကြောင့် ဒီနေ့ကနေ နိုဝင်ဘာ ၅ ရက်အတွင်း  စစ်ကိုင်းတိုင်း မကွေးတိုင်း မန္တလေးတိုင်းနဲ့ ကျန်တိုင်းဒေသတွေမှာ နေရာအနှံ့ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုး၊ဇလဌာနက ထုတ်ပြန်ပါတယ်။ 

အချို့ဒေသတွေမှာ ဒေသအလိုက် နေရာကွက်ကြား မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။ 


မိုးသည်းထန်တာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းလမိုးကြိုးပစ်တာ ၊ မိုးသီးကြွေတာလျှပ်တစ်ပြက်ရေကြီး မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။ 

ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မ နီးပါးမှ ၃ လက်မ နီးပါးအထိရွာသွန်းနိုင်တယ်လို့ မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်ကလည်းလူမူကွန်ရက်ကတဆင့်ပြောပါတယ်။ 

နိုဝင်ဘာ ၅ ရက်အထိ ရိတ်သိမ်းပြီးစပါးတွေ နေလှမ်းတာ ပဲစိုက်တောင်သူတွေ ပဲမျိုးကြဲခြင်းတွေကို မိုး/လေအခြေအနေကြည့်ပြီး ဂရုစိုက်ဆောင်ရွက်ကြဖို့ ဦးဝင်းနိုင်က အကြံပေးထားပါတယ်။

ဓာတ်ပုံ -အောက်တိုဘာ ၂ ရက်က မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း မိုးသည်းထန်ပြီး ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်းမ ရေကျော်ခဲ့စဉ်။ (Photo - MFSD)

- Bagan News 


Comments