မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။ အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။ မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...
- ကန့်ဘလူမြို့နယ်၊ အုန်းတော ပျူစောထီးရွာ ကာကင်းစခန်းကို ဝင်ရောက်စီးနင်း စစ်အုပ်စုအဖွဲ့ဝင် ၂ ဦးသေဆုံး
- ဝက်လက်မြို့နယ် တမာကန်ရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပစ်ခတ် ပြည်သူ ၂ ဦးသေဆုံး
- မကွေးတိုင်း ၊ ငဖဲမြို့ နယ်၊ နတ်ရေကန်တိုက်ပွဲတွေမှာ ထွက်ပြေးလာတဲ့ စစ်သုံ့ပန်း ၂၇ ဦးကို
PRA-Magway ထိန်းသိမ်း
- သာယာဝတီအကျဉ်းထောင်မှာ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား (၅)ဦးကို စစ်တပ်က ပြန်ဖမ်းဆီး
#Myanmar
#စစ်ကိုင်းတိုင်း
#Bagannews
#ကန့်ဘလူ
Facebook https://web.facebook.com/Bagannewstv
Telegram https://t.me/bagannews
Spotify https://open.spotify.com/show/731ZlRXmHoEucpxapMJuul
Website www.bagannews.org

Comments
Post a Comment