ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။ ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။ အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။ - BAGAN NEWS
- ကန့်ဘလူမြို့နယ်၊ အုန်းတော ပျူစောထီးရွာ ကာကင်းစခန်းကို ဝင်ရောက်စီးနင်း စစ်အုပ်စုအဖွဲ့ဝင် ၂ ဦးသေဆုံး
- ဝက်လက်မြို့နယ် တမာကန်ရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပစ်ခတ် ပြည်သူ ၂ ဦးသေဆုံး
- မကွေးတိုင်း ၊ ငဖဲမြို့ နယ်၊ နတ်ရေကန်တိုက်ပွဲတွေမှာ ထွက်ပြေးလာတဲ့ စစ်သုံ့ပန်း ၂၇ ဦးကို
PRA-Magway ထိန်းသိမ်း
- သာယာဝတီအကျဉ်းထောင်မှာ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား (၅)ဦးကို စစ်တပ်က ပြန်ဖမ်းဆီး
#Myanmar
#စစ်ကိုင်းတိုင်း
#Bagannews
#ကန့်ဘလူ
Facebook https://web.facebook.com/Bagannewstv
Telegram https://t.me/bagannews
Spotify https://open.spotify.com/show/731ZlRXmHoEucpxapMJuul
Website www.bagannews.org

Comments
Post a Comment