Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

မန္တလေးတိုင်းရှိ နယ်မြေများ ကာကွယ် တိုက်ပွဲဝင်မည်ဟု TRI ဗျူဟာထုတ်ပြန်

 မန္တလေးတိုင်းအတွင်းရှိ ထိန်းချုပ်နယ်မြေများအား ကာကွယ်မည်ဟု TRI ဗျူဟာက ယနေ့ထုတ်ပြန်သည်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ TRI ဗျူဟာသည် စဉ့်ကူး၊ သပိတ်ကျင်း နယ်မြေခံ အများစု အပါအဝင် အင်အားများစွာဖြင့် စုဖွဲ့ထားခြင်းဖြစ်သည်။  အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဗျူဟာဖြစ်ပြီး မန္တလေးတိုင်းအတွင်းရှိ နယ်မြေများ၏ တော်လှန်ရေးဆိုင်ရာ လုပ်ငန်းများတွင် အားအင်အပြည့်ဖြင့် ကြိုးစားဆောင်ရွက်နေကြောင်း သိရသည်။ 


TRI ဗျူဟာသည် မိတ်ဖက်တော်လှန်ရေးအင်အားစု များနှင့် အခြေတည်ရာ ဒေသများကို ကာကွယ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ စနစ်ဆီသို့ အခက်ခဲများစွာကြားမှ ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ 

မန္တလေးတိုင်း မိုးကုတ်မြို့ကို ထိန်းချုပ်ထားရာမှ ပြန်လည်ဆုတ်ခွာမည်ဟု တအာင်းတပ် TNLA က ယမန်နေ့က ထုတ်ပြန်ပြောဆိုခဲ့သည်။ ၎င်းနောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က

မန္တလေးတိုင်းတွင်းရှိ ရရှိထားသည့် ထိန်းချုပ်နယ်မြေများကို ဆက်လက်ကာကွယ်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ 

အလားတူ မိုးကုတ်ဗျူဟာတပ်ဖွဲ့က မိုးကုတ်အခြေပြုတော်လှန်ရေးအဖွဲ့များနှင့်အတူ တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်ချီတက် တိုက်ပွဲဝင်မည်ဟု ထုတ်ပြန်ထားသည်။ 

ဓာတ်ပုံ - အမှတ် -၁၂၂၂ တပ်ရင်း  (TRI ဗျူဟာ)

- Bagan News 


Comments