Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မန္တလေးတိုင်းရှိ နယ်မြေများ ကာကွယ် တိုက်ပွဲဝင်မည်ဟု TRI ဗျူဟာထုတ်ပြန်

 မန္တလေးတိုင်းအတွင်းရှိ ထိန်းချုပ်နယ်မြေများအား ကာကွယ်မည်ဟု TRI ဗျူဟာက ယနေ့ထုတ်ပြန်သည်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ TRI ဗျူဟာသည် စဉ့်ကူး၊ သပိတ်ကျင်း နယ်မြေခံ အများစု အပါအဝင် အင်အားများစွာဖြင့် စုဖွဲ့ထားခြင်းဖြစ်သည်။  အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဗျူဟာဖြစ်ပြီး မန္တလေးတိုင်းအတွင်းရှိ နယ်မြေများ၏ တော်လှန်ရေးဆိုင်ရာ လုပ်ငန်းများတွင် အားအင်အပြည့်ဖြင့် ကြိုးစားဆောင်ရွက်နေကြောင်း သိရသည်။ 


TRI ဗျူဟာသည် မိတ်ဖက်တော်လှန်ရေးအင်အားစု များနှင့် အခြေတည်ရာ ဒေသများကို ကာကွယ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ စနစ်ဆီသို့ အခက်ခဲများစွာကြားမှ ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ 

မန္တလေးတိုင်း မိုးကုတ်မြို့ကို ထိန်းချုပ်ထားရာမှ ပြန်လည်ဆုတ်ခွာမည်ဟု တအာင်းတပ် TNLA က ယမန်နေ့က ထုတ်ပြန်ပြောဆိုခဲ့သည်။ ၎င်းနောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က

မန္တလေးတိုင်းတွင်းရှိ ရရှိထားသည့် ထိန်းချုပ်နယ်မြေများကို ဆက်လက်ကာကွယ်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ 

အလားတူ မိုးကုတ်ဗျူဟာတပ်ဖွဲ့က မိုးကုတ်အခြေပြုတော်လှန်ရေးအဖွဲ့များနှင့်အတူ တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်ချီတက် တိုက်ပွဲဝင်မည်ဟု ထုတ်ပြန်ထားသည်။ 

ဓာတ်ပုံ - အမှတ် -၁၂၂၂ တပ်ရင်း  (TRI ဗျူဟာ)

- Bagan News 


Comments