Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ရန်ကုန်မှာ ကွန်ဒုံးဖြန့်ဝေ သီဆိုကခုန်ခဲ့ကြတဲ့ အဆိုတော် ၁၃ ဦးနဲ့ ပွဲစီစဉ်သူတွေကိုဖမ်း

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက် ၊ ပေါ်ဆန်းမွှေးလမ်းရှိ Eastern Yangon Event park မှာ  နိုဝင်ဘာလ ၂ ရက်နေ့ညက ကျင်းပခဲ့တဲ့ Overflow Music Festival ဖျော်ဖြေပွဲမှာ  ညစ်ညမ်းစကားတွေနဲ့ ဆဲဆိုပြီး ကွန်ဒုံးဖြန့်ဝေ သီဆိုကခုန်ခဲ့ကြတဲ့အဆိုတော် ၁၃ ဦးနဲ့ ပွဲစီစဉ်သူတွေကိုဖမ်းဆီးခဲ့ကြောင်း စစ်တပ်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ 

အဲ့ဒီပွဲမှာဆဲဆိုခဲ့တဲ့ အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလနဲ့ Bkho Bain (ခ) သိန်းမင်းထက်တို့ပါ အမျိုးသား ၁၃ ဦး၊ ပွဲစီစဉ်သူတွေဖြစ်ကြတဲ့ တင်ရတနာသိမ့်၊ ဟန်လင်းထက်နဲ့ အောင်ခန့်မော်(ခ) ဂျပန်ကြီးတို့ကိုဖမ်းဆီးကာ သ င်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းမှာ (ပ)၂၁၃/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ-၅၀၅-က/ ၂၉၄/၁၁၄ အရ အမှုရေးဖွင့်ထားရှိထားပြီး သူတို့ကို ဥပဒေနဲ့အညီ ထိရောက်စွာ အပြစ်ပေးအရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

- Bagan News 

Comments