Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ရန်ကုန်မှာ ကွန်ဒုံးဖြန့်ဝေ သီဆိုကခုန်ခဲ့ကြတဲ့ အဆိုတော် ၁၃ ဦးနဲ့ ပွဲစီစဉ်သူတွေကိုဖမ်း

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက် ၊ ပေါ်ဆန်းမွှေးလမ်းရှိ Eastern Yangon Event park မှာ  နိုဝင်ဘာလ ၂ ရက်နေ့ညက ကျင်းပခဲ့တဲ့ Overflow Music Festival ဖျော်ဖြေပွဲမှာ  ညစ်ညမ်းစကားတွေနဲ့ ဆဲဆိုပြီး ကွန်ဒုံးဖြန့်ဝေ သီဆိုကခုန်ခဲ့ကြတဲ့အဆိုတော် ၁၃ ဦးနဲ့ ပွဲစီစဉ်သူတွေကိုဖမ်းဆီးခဲ့ကြောင်း စစ်တပ်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ 

အဲ့ဒီပွဲမှာဆဲဆိုခဲ့တဲ့ အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလနဲ့ Bkho Bain (ခ) သိန်းမင်းထက်တို့ပါ အမျိုးသား ၁၃ ဦး၊ ပွဲစီစဉ်သူတွေဖြစ်ကြတဲ့ တင်ရတနာသိမ့်၊ ဟန်လင်းထက်နဲ့ အောင်ခန့်မော်(ခ) ဂျပန်ကြီးတို့ကိုဖမ်းဆီးကာ သ င်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းမှာ (ပ)၂၁၃/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ-၅၀၅-က/ ၂၉၄/၁၁၄ အရ အမှုရေးဖွင့်ထားရှိထားပြီး သူတို့ကို ဥပဒေနဲ့အညီ ထိရောက်စွာ အပြစ်ပေးအရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

- Bagan News 

Comments