Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

မတ္တရာ စဉ့်ကူး သပိတ်ကျင်းမြို့နယ်နေသူများ တိုက်ပွဲတွက် ပြင်ဆင်ထားရန် MDY PDF ထုတ်ပြန်

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်၊ စဉ့်ကူး မြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့တွင်  စစ်ရေးတိုက်ပွဲများ ပိုမိုပြင်ထန်းလာနေသည့်အတွက် တိုက်ပွဲတွင်း ကြုံရနိုင်သည့် အခြေအနေများနှင့်ပက်သက်ပြီး ကြိုတင်ပြင်ဆင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF ကထုတ်ပြန်သည်။ 

ဘေးအန္တရာယ်ကင်းနိုင်ရေးအတွက် လိုအပ်သည့် အစီအမံများ လုပ်ဆောင်ထားကြပါရန်လည်း တိုက်တွန်းထားသည်။

ဓာတ်ပုံ - စက်တင်ဘာလတွင်းပြုလုပ်ခဲ့သည့် MDY PDF ၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲမြင်ကွင်း။ 

စစ်အုပ်စုသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတို့တွင် “တရားမဝင်ရွေးကောက်ပွဲ” ကိုလုပ်ရန် ဆောင်ရွက်နေပြီး ယင်းကာလမတိုင်မီတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်စိုးမိုးနယ်မြေများကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ လှုပ်ရှားရာ နယ်မြေများဖြစ်သော မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်များသည်လည်း စစ်အုပ်စုက ရွေးကောက်ပွဲ ပြုလုပ်ရန် လျာထားသည့် မြို့နယ်များစာရင်းတွင် ပါဝင်နေပါသည်။

စစ်အုပ်စု၏ လက်ရှိထိုးစစ်ကို ဆက်လက် ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကထုတ်ပြန်သည်။ လက်ရှိတွင် မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်၌ တိုက်ပွဲများ ပြင်းထန်နေသည်။ 

MDY PDF သိမ်းပိုက်ထားသည့် ဆည်တော်ကြီးရေလှောင်တမံနှင့် နယ်မြေခံတပ်ဌာနချုပ်၊ ပတ်ဝန်းကျင်အားလုံးကို စစ်တပ်က နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြန်တိုက်ခိုက် ထိန်းချုပ်နိုင်ခဲ့ကြေင်း စစ်တပ်ဝါဒဖြန့် သတင်းစာများက ဖော်ပြခဲ့သည်။ 

ဆည်တော်ကြီးရေလှောင်တမံကို ပြန်ရရန် စစ်တပ်မှ အောက်တိုဘာ ၂၀ ရက်မှစပြီး စစ်ကြောင်း ၅ ကြောင်းဖြင့်ထိုးစစ်ဆင်ခဲ့ကြောင်း ၊ စစ်ဆင်ရေးကာလ ၁၉ ရက်အတွင်း တိုက်ပွဲကြီးငယ် (၄၂) ကြိမ် ဖြစ်ပွားခဲ့ပြီး PDF တပ်ဖွဲ့၏ အလောင်း ၁၄ လောင်းနှင့် လက်နက်မျိုးစုံ ၆၀ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဓာတ်ပုံများဖြင့် ဖော်ပြခဲ့သည်။ 

- BAGAN NEWS 


Comments