Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ကံမမြို့နယ်မှာတိုက်ပွဲပြင်းထန် စစ်တပ်က ၇ ဦးသေပြီး PDF ရဲဘော် ၂ ဦးကျဆုံး

 မကွေးတိုင်း၊ သရက်ခရိုင် ၊ကံမမြို့နယ် ၊ သရက် - ကံမ လမ်းပိုင်း ရေနံသာကျေးရွာက စစ်တပ်ကင်းစခန်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၇ ဦးခန့်သေဆုံးပြီး PDF ရဲဘော် ၂ ဦးကျဆုံးခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ပါတယ်။ 

အဲ့ဒီစခန်းဟာ အင်အား (၃၀)ခန့်နဲ့ စည်းရိုးအထပ်ထပ် ၊ အုတ် ဘန်ကာတွေနဲ့ အခိုင်အမာတပ်စွဲထားတဲ့ စခန်းဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့ မနက် ၆ နာရီလောက်မှာ ထိုးစစ်ဆင်ခဲ့တာလို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ပြောပါတယ်။ 

တိုက်ပွဲကြချိန် (၂)နာရီခွဲနီးပါးရှိခဲ့ပြီး စစ်တပ် ဘန်ကာ (၆)ခုထဲက (၄)ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ကျန်တဲ့ ဘန်ကာ ၂ ခုကို ဆက်လက်သိမ်းပိုက်ဖို့ ကြိုးစားနေချိန်မှာ မြေပြင်အခြေအနေအရ ထိုးစစ်ဆင်တာ ရပ်နားပြီး ပြန်ဆုတ်ခွာခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ရေနံ့သာ ရဲကင်းစခန်းကို တိုက်ခိုက်ခဲ့တဲ့ တပြိုင်နက်ထဲမှာပဲ စစ်တပ်ရဲ့ အရေးပါတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ၊ ကပစ (၁၂) ကို ရှော့တိုက်ဒုန်း (၅)လုံးနဲ့ ပစ်ခတ်ခဲ့တာမှာ (၄)လုံး အောင်မြင်စွာ ပစ်ခတ်နိုင်တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ပြောပါတယ်။ 

ရှော့တိုက်ဒုန်း တွေဟာ ကပစ (၁၂) စက်ရုံအတွင်း ကျရောက်ပေါက်ကွဲတာရှိခဲ့ပြီး စစ်တပ်ဘက်ကပြန်ပစ်ခဲ့တာကြောင့် သရက်မြို့နယ် ၊ ညောင်ပင်သာကျေးရွာက အမျိုးသမီး (၁)ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တပ်က ကံမမြိုနယ် ၊ ပုဇင်းနိမ့်ကျေးရွာ ၊ အုပ်ပုံကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ၊ ဒေသခံနေအိမ်တွေ ထိမှန် မီးလောင်ပြီး အမျိုးသမီး (၃)ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ 

စစ်တပ်ရဲ့ ဂျက်ဖိုက်တာက လေကြောင်းကနေ ပစ်ခတ်တာကြောင့် ၊ ကံမမြို့နယ် ၊ ဆုံကုန်းကျေးရွာနဲ့သစ်ငုတ်တထောင်ကျေးရွာအနီးက အရေးပါတဲ့ တံတား(၁)စီး ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ 

စစ်ရေးအခြေအနေ တင်းမာနေတာကြောင့်  တိုက်ပွဲဖြစ်ပွားရာ ဒေသအတွင်း ခရီးသွားလာခြင်းများ မပြုဖို့သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ပါတယ်။ 

- BAGAN NEWS 

Comments