စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင်၊ ရွှေဘိုခရိုင်တွေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် စစ်ကြောင်းကို ဒီကနေ့မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခိုက်ခဲ့ပြီး စစ်သုံ့ပန်းနဲ့လက်နက်ခဲယမ်းတွေသိမ်းဆည်း ရရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၁၂ ရက် မနက် ၉ နာရီ ဝန်းကျင်မှာ ကန့်ဘလူမြို့နယ် ဝက်တိုးရွာ စခန်းကနေ ခင်ဦးမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်က သေဆုံးထိခိုက်တာများတယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
စစ်တပ် စစ်ကြောင်းကို စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ကန့်ဘလူခရိုင်ပကဖ အထူးလှုပ်ရှားတပ်ရင်း၊ရေဦးမြို့နယ်ပကဖ ဓူဝံအဖွဲ့၊ရွှေဘိုခရိုင်အမှတ်(၃)တပ်ရင်း(ခင်ဦး)၊အမှတ်(၂၅)တပ်ရင်း(တန့်ဆည်) နဲ့ တော်လှန်ရေးအင်အားစုတွေက ကြားဖျတ်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။
Photo - စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့

Comments
Post a Comment