Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ပေါက်မြို့နယ်မှာ စစ်တပ်ကြောင့် ပြည်သူ ၁၆ ယောက်သေဆုံး

 မကွေးတိုင်း ပေါက်မြို့နယ်မှာ နိုဝင်ဘာလအတွင်း စစ်တပ်နဲ့ဒေသခံ ပျူစောထီးတွေရဲ့ လုပ်ရပ်တွေကြောင့် ပြည်သူ ၁၆ ယောက်သေဆုံးခဲ့တယ်လို့ ပေါက်မြို့ လူသားချင်းစာနာထောက်ထားရေးဌာနကထုတ်ပြန်ပါတယ်။ 

စစ်တပ်နဲ့ ပျူစောထီးတွေဟာ စစ်ကြောင်းထိုး ၊မီးရှို့ ၊ဖမ်းဆီး၊ လူသတ် အဓမ္မပြုကျင့်တာတွေအပြင် အများပြည်သူ အသွားအလာများတဲ့နေရာတွေနဲ့ ဗုံးခိုကျင်းနေရာတွေကို မိုင်းထောင်ခဲ့တယ်လို့သိရပါတယ်။ 

ဒါ့အပြင် လေကြောင်းကနေ လက်နက်ကြီးနဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေကြောင့် ပြည်သူအများအပြား သေဆုံး ထိခိုက်ခဲ့တယ်လို့ ပေါက်မြို့ လူသားချင်းစာနာဌာနကထုတ်ပြန်ပါတယ်။ 

ပေါက်မြို့နယ်မှာ နိုဝင်ဘာလအတွင်း အဓမ္မပြုကျင့် ဖမ်းဆီသတ်ဖြတ်ခံရတာကြောင့် ပြည်သူ ၁၆ ယောက်သေဆုံးခဲ့ပြီး ၁၉ ယောက်ထိခိုက်ခဲ့ပါတယ်။ စစ်တပ်ရဲ့ဖမ်းဆီးခံရတဲ့သူ ၃၆ ယောက်ရှိပြီး ၂၁ ယောက်ပြန်လွှတ်ခဲ့သလို ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သူ ၅ ယောက်ရှိတယ်လို့ သိရပါတယ်။ 

စစ်တပ်ရဲ့ မီးရှို့ခံရတဲ့ ကျေးရွာ ၁၀ ရွာရှိပြီး အိမ်ခြေ ၈၅ လုံးနဲ့ တဲအိမ် ၃၀ ဆုံးရှုံး ခဲ့တယ်လို့ ပေါက်မြို့ လူသားချင်းစာနာဌာနကထုတ်ပြန်ပါတယ်။ 

ဓာတ်ပုံ - ပေါက်မြို့နယ် ၊ ကျောက်မဲတောင်ကျေးရွာကို နိုဝင်ဘာလ ၂၄ ရက်က စစ်တပ်ကမီးရှို့ခဲ့တဲ့မြက်ကွင်း။

- Bagan News 


Comments